စစ်တပ်ကို အမြစ်ပြတ်တိုက်ဖို့ဆိုကာ Fighter One LPDF က အမျိုးသမီးတပ်ဖွဲ့ဝင်တွေအပါ အင်အား၂၀ ကျော် NUG လက်အောက် ပကဖဆီ ပူးပေါင်း

0 12
0 12

ယင်းမာပင်၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် စစ်ရေးလှုပ်ရှားနေတဲ့ Fighter One Local PDF တပ်ဖွဲ့ဝင်အင်အား၂၀ ဦးကျော် ပူးပေါင်းလာတယ်လို့ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ဆီကသိရပါတယ်။

Fighter One Local PDF အဖွဲ့ကတပ်ဖွဲ့ဝင်အမျိုးသမီး ၂ ဦးအပါ အင်အား ၂၀ ဦးကျော်က ဒီဇင်ဘာ ၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖနဲ့ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ကိုအမြစ်ပြတ်တိုက်ထုတ်သွားဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

” အခုလို ပူးပေါင်းလာတဲ့ ရည်ရွယ်ချက်က ဒီဘုံရန်သူဖြစ်တဲ့ စစ်ကော်မရှင်ကို စည်းစည်းလုံးလုံးနဲ့ ညီညွတ်စွာစစ်ရေးတွေဖော်ဆောင်ချင်လို့ ပေါင်းစည်းလိုက်ကြတာ” လို့ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ယင်းမာပင်မြို့နယ်အခြေစိုက် တိုက်နယ် ၁၀ ပကဖ ဟာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ကစတင်ကာ လက်ရှိအထိ NUG လက်အောက်တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဒေသတွင်းမှာ စစ်ကော်မရှင်တပ်ကို တော်လှန်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

” Fighter One Local PDF အဖွဲ့အနေနဲ့ ကျနော်တို့ဆီကို လာရောက်ပူးပေါင်းတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အညာမြေမှာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ များများစားစားရှိနေတဲ့ကဏ္ဍမှာ အခုလို စည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်ထုတ်သွားမှသာ စစ်ကော်မရှင်အမြစ်ပြတ်သွားမှာ” လို့ သူက ဆက်ပြောပါတယ်။

ဖိုက်တာဝမ်းအဖွဲ့ဟာ ၂၀၂၃ ကစတင်ကာ အင်အား ၂၀ ကျော်နဲ့ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံးတိုက်နယ်ပကဖနဲ့ပူးပေါင်းလာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။