ကညွှတ်ကွင်းမြို့ လျှပ်စစ်အင်ဂျင်နီယာ သေနတ်နဲ့ပစ်သတ်ခံရ

0 1
0 1

ပဲခူး၊ ဧပြီ ၂၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ တောင်ဂုံးတဲကျေးရွာအနီးမှာ ကညွှတ်ကွင်းမြို့လျှပ်စစ်အင်ဂျင်နီယာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်ညနေ ၅ နာရီခန့်မှာ ကညွတ်ကွင်းမြို့လျှပ်စစ်အင်ဂျင်နီယာ အသက် ၅၂ နှစ်အရွယ် ဦးကျော်စံလင်းဟာ ကညွှတ်ကွင်းမြို့ကနေ ကျောက်တံခါးမြို့ဘက်ကို ဆိုင်ကယ်နဲ့အပြန် ရန်ကုန်-မန္တလေး (ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက် (၁) ရပ်ကွက်၊ မိုင်တိုင်အမှတ်-၁၁၄/၁ အရောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူက ကျောက်တံခါးသားပါ။ တခါတလေ ကညွှတ်ကွင်းကနေ သူ့အိမ်ကို ဆိုင်ကယ်နဲ့ပြန်လေ့ရှိတယ်။ ခုလည်း သူအပြန်ကို စောင့်ပြီးပစ်သွားတာနေမယ်။ ဒီဘက်ခြမ်းမှာက ရွာတွေက လျှပ်စစ်မီးကိစ္စ မီတာခမပေးလို့ မီးဖြတ်ခံရတာတွေ ရှိတယ်။ အဲဒီပြသနာတွေကြောင့်ပဲလား ဘာကြောင့်လဲဆိုတာတော့မသိရဘူး”လို့ ပြောပါတယ်။

ခုလိုပစ်ခတ်ခံရတာကြောင့် ဦးကျော်စံလင်းဟာ ရင်ဘတ်နဲ့မေးစေ့အောက်တွမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရပြီးနောက် သူ့ရဲ့အလောင်းကို ဒေသလူမှူကူညီရေးအသင်းတွေက ကညွှတ်ကွင်းဆေးရုံကို သယ်ဆောင်သွားပြီး ဧပြီလ ၂၈ ရက်ဒီနေ့မှာတော့ ကျောက်တံခါးမြို့ရှိ မိသားစုတွေက ပြန်သယ်သွားပြီလို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧပြီလ ၁၅ ရက်ညနေပိုင်းကလည်း သင်္ကန်းပင်ကျေးရွာက စစ်ကောင်စီသတင်းပေး မြင့်နိုင်ဆိုသူကို ဖြူးမြိုနယ် ပကဖက ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။