12 July 2026 3:40 AM

ရဲစခန်းကထွက်လာတဲ့ နယ်ထိန်းအပါ ၂ ဦးကို ကြားဖြတ်ပစ်သတ်ခံရ

0 28
0 28

မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာရှိ နယ်မြေရဲစခန်းမှ နယ်ထိန်း နဲ့ တပ်သားတို့ကို ပစ်သတ်ပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့လယ် ၂ နာရီကျော်မှာ နယ်ထိန်းနိုင်ထက်ဇော် နဲ့ တပ်သား မိုးဇော်အောင် တို့ဟာ ရဲစခန်းကနေ ဆိုင်ကယ် ၁ စီးနဲ့ ထွက်ခွာလာချိန် စခန်းအနီးရှိ ချင်းတွင်းမြစ်ဆိပ်ကမ်းအနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပွဲချင်းပြီးသေတယ်။ သေနတ်ကတော့ တပ်သားဆီကပဲရခဲ့တာ။ နယ်ထိန်းမှာပါ မလာဘူး။ သေနတ်က။ ပစ်ခတ်ခံရပြီး သိပ်မကြာဘူး။ ရဲစခန်းကအလောင်းတွေကို လာကောက်သွားတယ်”လို့ မုံရွာခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ၎င်းတို့ ၂ ဦးဆီက G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်ဆံ ၁၂ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာတော့ အမြင့်နယ်မြေရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပကဖတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့လည်း အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အမြင့်ကျေးရွာဟာ မုံရွာမြို့အခြေစိုက် နမခ နဲ့ ၁၄ မိုင်ကွာဝေးပြီ ချောင်းဦးမြို့နဲ့ ၂၂ မိုင်ဝေးတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁၊ ဒီဇင်ဘာ ၁၆ ရက်ကလည်း အမြင့်ကျေးရွာရဲ့ ဈေးထိပ်နေရာမှာ ရဲတပ်သားတဦးကို ပကဖတပ်ဖွဲ့ဝင်တွေက အနီးကပ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။