ဘယ်စစ်အာဏာရှင်ကို တော်လှန်ဖို့ရှိသေးလဲ ဟု ကြံ့ဖွံ့ဒုဥက္ကဌ ဦးမျိုးဇော်သိန်း မေးခွန်းထုတ်

0 38
0 38

မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

ဘယ်စစ်အာဏာရှင်ကို တော်လှန်ဖို့ရှိသေးလဲလို့ စစ်ဗိုလ်ချုပ်ကြီး(ဟောင်း)လည်းဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်းက မေးခွန်းထုတ်လိုက်ပါတယ်။

ဦးမျိုးဇော်သိန်းကို စစ်ကော်မရှင်ဘက်က ရပ်တည်ရေးသားနေတဲ့ ပြည်တွင်းမီဒီယာတခုက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် ကြံ့ဖွံ့ပါတီရဲ့ သဘောထားနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းရာမှာ သူက အခုလို ပြောဆိုလိုက်တာပါ။

” လက်ရှိအခြေအနေကလည်း ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေပြီ။ စစ်အာဏာရှင်တော်လှန်ရေး ကဲ ဟုတ်ပြီ ၁၉၆၂ ကနေ တော်လှန်ရေးကောင်စီ အဲ့ကာလက ပြီးသွားပြီ မပြောနဲ့တော့။ လမ်းစဥ်ပါတီခေတ်လည်းကျနော်တို့က မပြောတော့ဘူး။ ၁၉၈၈ ကနေ ၂၀၁၀ ကာလအထိက တပ်မတော်အစိုးရဖြစ်တဲ့အတွက်ကြောင့် ဒီမှာလည်း အမျိုးမျိုးပြောကြတယ် ပြောလို့လည်း ပြီးသွားပြီ။ ၂၀၁၀ ကစပြီး ကျနော်တို့ ဘယ်လမ်းကြောင်းကို သွားနေတာလဲ၊ သေချာတာကတော့ ကျနော်တို့က ရွေးကောက်ခံထားတဲ့ အစိုးရတွေအုပ်ချုပ်တဲ့ကာလကို သွားနေတယ်။ ၂၀၁၀ သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ၂၀၁၅ ကနေ ၂၀၂၀ ထိ NLD အစိုးရနော်။ ဒါက ရွေးကောက်ခံထားတဲ့အစိုးရတွေပဲ အငြင်းပွားဖွယ်ရာမရှိဘူး။ အဲ့တော့ ဘယ်စစ်အာဏာရှင်ကို တော်လှန်ဖို့ရှိသေးလဲ” လို့ ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) ဦးမျိုးဇော်သိန်းဟာ စစ်ကော်မရှင်တပ် စစ်ရေးချုပ်ရာထူးကနေ ၂၀၂၂ နှစ်ကုန်ပိုင်းက ကြံ့ဖွံ့ပါတီကို ပြောင်းရွှေ့လာခဲ့ပြီး ပါတီဒုဥက္ကဌ ဖြစ်လာခဲ့တာပါ။

၎င်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်ရသူတဦးလည်းဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူ ဗိုလ်ချုပ်ကြီး(ဟောင်း) တဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လာမယ့်ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကနေ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။