13 July 2026 12:46 AM

ပခုက္ကူမှာ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

0 26
0 26

ပခုက္ကူ၊ နိုဝင်ဘာ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့လေယာဉ်ကွင်းအနီးမှာ စစ်ကော်မရှင်လက်အောက်ရဲတပ်ဖွဲ့ဝင် ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Southern YSO PDF ဆီက သိရပါတယ်။

နိုဝင်ဘာ ၁ ရက် မနက် ၇ နာရီခွဲခန့်က လေဆိပ်အနီး ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဖြတ်သန်းသွားနေတဲ့ကုန်တင်ကားတွေကို ငွေတောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်ကို PDF ၂ ဦးက အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” သူတို့က(အခင်းဖြစ်နေရာမှာ)နေ့တိုင်း(ကုန်ကားတွေကို) တောင်းနေတာဖြစ်တယ်။ သတင်းရရင်ရတာနဲ့ **ယူနီဖောင်းတွေဝတ်ပြီး ဆိုင်ကယ် ၁ စီးနဲ့ သွားရောက်ပြီး တခါတည်းပစ်ခတ်ရှင်းလင်းခဲ့တာ။ ရဲကိုတော့ အသေပစ်လိုက်တယ်၊ မိန်းမကိုတော့ ဗိုက်ကြီးနဲ့ဆိုတော့ မပစ်ပါနဲ့လို့ ပြောတယ်။ အဲ့ဒီမိန်းမကိုတော့ ကျနော်တို့ ဖမ်းခဲ့တယ်” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

သွားရောက်ပစ်ခတ်ချိန်မှာ သေဆုံးရဲအပြင် ၎င်းရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန် မီတာ ၂၀၀ အကွာရှိ လေယာဉ်ကွင်းစောင့် စစ်တပ်ကင်းဘန်ကာတွေကနေ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၁ လုံး ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရဲတပ်သားဟာပခုက္ကူမြို့ဇာတိအသက် ၂၈ နှစ်အရွယ် ရဲတပ်သား ရည်မွန်ဖြစ်ပြီး ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ကာ တိုက်ခိုက်မှုအတွင်း MA 1 ၁ လက်၊ ဆိုင်ကယ် ၁ စီး၊ လက်ဖုန်းတွေ သိမ်းဆည်းရမိခဲ့တယ်လို ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် PDF -PKU၊ ပြည်သူ့အားမာန်၊ King Cobra၊ ဒေါင်းစစ်သည် တို့က တိုက်ခိုက်ခဲ့ကြတာပါ။

အောက်တိုဘာ ၁၅ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ အထိုင်စခန်းကနေ ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြန်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။