12 July 2026 6:10 AM

ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့

0 1
0 1

ပုလဲ၊ ဧပြီ ၂၄၊ ၂၀၂၃။

စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ နှောကန်ကျေးရွာကို ဧပြီလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းမှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ငွေကျပ် ၂၇ သိန်းနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ နှောကန်ကျေးရွာက မီးဘေးသင့်နေတဲ့ အိမ်ထောင်စု ၁၀၄ စုအတွက် သံဃသမဂ္ဂအဖွဲ့ နဲ့ တခြားအလှူရှင်အချို့တို့ ပူးပေါင်းပြီး လှူဒါန်းခဲ့တာလို့ ပုလဲမြို့နယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။

“စစ်ကောင်စီက နှောကန်ကျေးရွာကို ၄ လ ပိုင်း ၂ ရက်နေ့က မီးရှို့သွားတာကို သွားလှူဒါန်းတာ ၊မီးရှို့ခံရတာက ၁၀၄ အိမ်ပေါ့၊ ရွာမှာရှိတာက စုစုပေါင်း အိမ်ထောင်စု ၁၃၆ စုရှိတာ၊ ရွာလုံးကျွတ်လို့‌ ပြောလို့ရတာပေါ့။ သံဃသမဂ္ဂအဖွဲ့ နဲ့ တခြားအလှူရှင်အချို့တို့လှူဒါန်းတဲ့ ငွေ ၂၇ သိန်းကို မြို့နယ်အုပ်ချုပ်ရေးကျနော်တို့အဖွဲ့က ကြားကနေ သွားလှူပေးရတာ၊ စားနပ်ရိက္ခာကတော့ ဆန်တို့ ဆီတို့လည်း ပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ပုလဲမြို့နယ်အတွင်းမှာ မီးရှို့ခံရတဲ့ ရွာပေါင်း ၃၀ ကျော်ရှိပြီး အိမ်ထောင်စု ၂၃၀၀ ကျော်ရှိကာ ဒေသခံတွေအနေနဲ့ နီးစပ်ရာတောတွေ၊ ကျေးရွာစာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်သလို စုပေါင်းပြီး နေထိုင်ရတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။