စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရဖို့ S&C အဖွဲ့က ရေတွင်းရေကန်တွေတူးဖော်ပေးနေ

0 3
0 3

စစ်ကိုင်း၊ ဧပြီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေအခက်အခဲ ပြေလည်စေဖို့ ရည်ရွယ်ပြီး ရေတွင်းရေကန်တွေ တူးဖော်ဆောက်လုပ်ပေးနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေအဖွဲ့ဆီက သိရပါတယ်။

ယင်းမာပင်၊ ဘုတလင်၊ ဒီပဲယင်း၊ အရာတော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ တူးဖော် ပေးနေတာလို့ S&C မှ တာဝန်ခံ ကိုစိုးမိုးအောင် က ပြောပါတယ်။

“၂ လပိုင်းက ရေတွင်းစတူးတာ၊ ၂ လခွဲလောက်ကြာမှ ၅ တွင်းမြောက်ပြီးတယ်၊ ဒီထက်မက ပိုပြီးသင့်တာ၊ ဘတ်ဂျက်လိုအပ်ချက်လည်းရှိတော့ နည်းနည်းချင်း စုနေရတာပါ၊ စစ်ဘေးရှောင်ပြည်သူတွေ ရေအတွက်ဒုက္ခရောက်နေလို့ တူးဖြစ်တာပါ၊ တူးပြီးသား ရေတွင်း၊ ရေဘုံဘိုင်၊ ရေကန်တွေကိုလည်း ဒေသခံတွေအတွက် လုပ်ပေးထားခဲ့မှာပါ”လို့ ပြောပါတယ်။

ရေတွင်းတတွင်း တူးဖို့အတွက် ၇ ရက်ကနေ ၁၅ ရက်အထိကြာမြင့်ပြီး မြေပြင်စစ်ကြောင်း အခြေအနေ၊ မြေအပျော့အမာနဲ့ ရေကြောအနေအထားအလိုက် ကြည့်ပြီးနေရာညပါ တူးဖော်နေရတယ်လို့လည်း ဆိုပါတယ်။

ရေတွင်းတူးရာမှာ ပေ ၁၀၀ အောက် လက်ငုတ်တွင်းကို S&C ပရဟိတအဖွဲ့သားတွေက တူးဖော်ပြီး၊ ပေ ၄၀၀-၅၀၀ အထိတူးဖော်ရတဲ့အခါမှာတော့ ရေတူးပညာရှင်အဖွဲ့ကို ငှါးရမ်းတူးဖော်ရကာ၊ တပေတူးခ သုံးထောင်ကျပ်ပေးရပြီး၊ တချို့ရေတွင်းဆိုရင် တူးခကနေ ရေကန်အထိ ၇၅ သိန်းကျပ် ပေးဆောင်ရတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

“ရေတွင်းတူးတာကနေ ရေကန်ပြီးတဲ့အထိ ငွေကြေးကောက်ခံတာ မရှိပါဘူးဗျ၊ စစ်ရှောင်ရော ကျေးရွာက ပြည်သူတွေဆီကပါ ငွေအလှူခံတာ မျိုးမလုပ်ပါဘူး၊ သူတို့မှာ ပြေးလွှားနေရတော့ ခက်ခဲနေကြတာလေ၊ ပြည်တွင်းနဲ့ပြည်ပအလှူရှင်တွေရဲ့ ပေးပို့လှူတဲ့ငွေနဲ့ လုပ်ပေးတာပါ”လို့ ဆက်ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က စတင်တူဖော်ပေးနေတာဖြစ်ပြီး၊ လက်ရှိမှာ ရေတွင်း ၆ တွင်းတူးဖော် ပေးထားနိုင်ကာ နောက်ထပ်ပြီးတော့ ရေတွင်းပေါင်း ၂၀ ကျော် တူးဖော်ပေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။