ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

0 2
0 2

ကြို့ပင်ကောက်၊ ဧပြီ ၂၂၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ တောင်နှစ်လုံးပေါက်ရွာက စစ်တပ်သတင်းပေးဆိုသူကို ဧပြီ လ ၂၁ ရက် မနေ့ ည ၆ နာရီခွဲခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ လက်အောက်ခံ Black Dragon, GBK PDFက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူဟာ တောင်နှစ်လုံးပေါက်ရွာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အသက် ၅၀ နှစ်အရွယ် ကိုတင်ကြိုင်ဖြစ်ပြီး သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်ကာ ဓါးနဲ့ထိုးခဲ့တာလို့ Black Dragon, GBK PDFရဲ့တပ်ခွဲမှူး ရိုးမနဂါးက မြေလတ်အသံကို ပြောပါတယ်။

“သေနတ်နဲ့ရင်ဘတ်ကို ၂ ချက် ပစ်တယ်။ လဲကျသွားမှ ဓါးမြှောင်နဲ့ တချက် ထပ်ထိုးခဲ့တာ ပွဲချင်းပြီးသွားတယ်” လို့ ပြောပါတယ်။

ကိုတင်ကြိုင်ဟာ စစ်ကောင်စီတပ်က ချပေးတဲ့ လက်နက်ကိုင်ဆောင်သူဖြစ်ကြောင်းသတင်းရလို့ သူရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေပေမယ့် မတွေ့ခဲ့ဘူးလို့ ဆက်ပြောပါတယ်။

ကိုတင်ကြိုင် သေဆုံးမှုကို မိသားစုဝင်တွေက ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားပေမယ့် အခုအချိန် အထိလာရောက်စစ်ဆေးတာတွေ မလုပ်သေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကိုတင်ကြိုင်ဟာ စစ်ကောင်စီနဲ့ပေါင်းပြီး သစ်တွေခိုးထုတ်တာ၊ တောင်ပေါ်တက်တဲ့ အလုပ်သမားတွေအပေါ် အနိုင်ကျင့်တာတွေလည်း ရှိပြီး PDF တွေရဲ့သတင်းကို ထောက်လှမ်းကာ စစ်တပ်ကို သတင်းပို့ယူ လုပ်နေတဲ့ ပျူစောထီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်ချုပ်ရေးမှူး ကိုအေးထွန်းနဲ့အဖွဲ့ကို PDF မဟာမိတ်တွေ ပေါင်းပြီး ရှင်းလင်းခဲ့လို့ ကိုအေးထွန်းအပါ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။