မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စကစကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး

0 1
0 1

မုံရွာ၊ ဧပြီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ စီးပွားရေးတက္ကသိုလ်အနီး၊ ဇလုပ်အဝိုင်းပတ်ထောင့် ဘန်ကာအတွင်းကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဧပြီလ ၁၉ ရက် ဒီက‌နေ့နေ့လယ် ၁၀ နာရီကျော်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတဦး သေဆုံးသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force အဖွဲ့ဆီက သိရပါတယ်။

ဘန်ကာအတွင်း ကင်းစောင့်နေတဲ့ စကစစစ်သား ၄ ဦးကို ကားနဲ့ အနီးကပ်သွားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

“ကားနဲ့တဖွဲ့သွားပစ်ပြီး တဖွဲ့က ရဲဘော်တွေလွတ်မြောက်အောင် ၄၀ မမနဲ့ ပစ်ပေးတယ်” လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force တပ်ရင်းမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ လာရောက်တိုက်ခိုက်တဲ့ပြောက်ကျားတပ်ဖွဲ့တွေကို ပြန်လည်ပစ်ခတ်တဲ့ စစ်သားတဦးသာသေဆုံးပြီး မပစ်ဘဲဝပ်နေတဲ့ စစ်သားသုံးဦးကတော့ အသက်ဘေးက လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force ၊ Peacock King People Defense Force နှင့် ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ည‌နေပိုင်းကလည်း မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားတဲ့ သာစည်အကျဉ်းထောင်အနီး အပြင်ထွက်နေတဲ့ ရဲ ၂ ဦးကို မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Forceအဖွဲ့က ကားနဲ့သွားရောက် ပစ်ခတ်ခဲ့ရာ ရဲ ၂ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။