BWM အဖွဲ့က စစ်ကောင်စီလေတပ်နဲ့ ဆက်စပ်နေရာတွေကို တိုက်ခိုက်မယ့် UG အဖွဲ့ တွေကိုဖိတ်ခေါ်

0 1
0 1

မြေလတ်အသံ၊ ဧပြီ ၁၉၊ ၂၀၂၃။

ဧလာလေတပ်နဲ့ မင်္ဂလာဒုံလေတပ်စခန်းတို့ကို တိုက်ခိုက်ခဲ့တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က စစ်ကောင်စီရဲ့ လေတပ်စခန်းတွေ၊ ၎င်းနဲ့ဆက်စပ်နေရာတွေကို အဓိကတိုက်ခိုက်နိုင်မယ့် မြို့ပြပြောက်ကျားအဖွဲ့ တွေအား ကူညီထောက်ပံ့သွားမယ်လို့ BWM အဖွဲ့တာဝန်ခံက ပြောပါတယ်။

လေတပ်နဲ့ ဆက်စပ်နေရာတွေကို အဓိကထားတိုက်နေရတာဟာ စစ်ကောင်စီတပ်အနေနဲ့ အင်အားချိနဲ့နေသလို မြေပြင်မှာလည်း ထိခိုက်သေကြေတာတွေများနေတဲ့အတွက် အဓိက အားထားရတဲ့ လေတပ်ကို တိုက်ခိုက်နေ တာဖြစ်တယ်လို့ သူကဆိုပါတယ်။

“မြို့ပြယူဂျီတွေကိုများများထောက်ပံ့မှသာလျင် တော်လှန်ရေးဟာ ပိုမိုထိရောက်မြန်ဆန်နိုင်မယ်လို့ ရှုမြင်တဲ့အတွက်ရယ်၊ လေကြောင်းကနေ ပြည်သူတွေကို သေကြေပျက်စီးဖို့ အမျိုးမျိုး အားထုတ်နေတဲ့ မြန်မာ့ အကြမ်းဖက်လေတပ်ကို ထိထိရောက်ရောက် ဆက်လက် ချေမှုန်းဖို့ ရည်ရွယ်တာကြောင့်ရယ် ပိုပြိးထောက်ပံ့ပေးဖြစ်တယ်ဗျ” လို့ သူက ဆက်ပြောပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ကို ဆက်သွယ်လာတဲ့ မြေအောက်ပြောက်ကျားအဖွဲ့တွေအနေနဲ့ Liberty Thunder နဲ့ MKCDF အဖွဲ့ ၂ခုရဲ့ ထောက်ခံချက်ရရှိမှသာ တိုက်ရေးပစည်းတွေကို ရွေးချယ်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“စစ်**တွေက မြေပြင်မှာ တော်လှန်ရေးသမားတွေကို အင်အားချင်းမယှဉ်နိုင်တော့ ခွေးသေဝက်သေ သေကြ တယ်လေ။ သူတို့ကိုယ်သူတို့ အင်အားကောင်းမယ်ထင်တာ လေတပ်ပဲရှိတယ် ထင်နေကြတာမို့ ဦးချိုးပေးထားမလို့” လို့ BWM တာဝန်ခံက ဆက်ပြောပါတယ်။

BWM အနေနဲ့ လေတပ်နဲ့ဆက်စပ်နေရာတွေကို တိုက်ခိုက်ခဲ့တာဟာ ဧလာလေတပ်၊ မင်္ဂလာဒုံလေတပ်နဲ့ မှော်ဘီလေတပ်တို့ အပါအဝင် လေတပ်နဲ့ဆိုင်တဲ့ နေရာတွေကို အနည်းဆုံး ၆ကြိမ် တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။

BWM ဟာ အဖွဲ့အစည်းနဲ့ လူတဦးတယောက်ကိုမှ အလှူခံခြင်းမရှိတဲ့အဖွဲ့အစည်းဖြစ်ကာ မြို့ပြမစ်ရှင်တွေကိုသာ သီးသန့်လုပ်ဆောင်တဲ့အဖွဲ့တခုဖြစ်တယ်လို့ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။