မကွေးမှာ ဆီဘောက်ဆာနဲ့ Light Truck ယာဥ် ခေါင်းချင်းဆိုင်တိုက်ပြီး ၁ နှစ်ကလေးအပါ ၅ ဦးသေဆုံး

0 58
0 58

မကွေး၊ အောက်တိုဘာ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ကန်လှရွာအနီးမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကားတိုက်မှုဖြစ်ပြီး ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

ကန်လှကျေးရွာအနီး မိုင်တိုင်အမှတ် ၃၃၃/၁ ဖာလုံမှာ မကွေးဘက်ကလာတဲ့ Light Truck ကားနဲ့ ချောက်မြို့နယ်၊ ဆင်ကရွာကလာတဲ့ ဆီဘောက်စာကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“Light Truck ကားက ချောက်မြို့နယ်၊ ဆင်ကရွာကလာတာပါ၊ မကွေး ကညန ကို လိုင်စင်သက်တမ်း တိုးပြီးအပြန်မှာ ဖြစ်တာပါ။ သေဆုံးတဲ့အလောင်းတွေကိုတော့ မကွေးဆေးရုံမှာ ရင်ခွဲစစ်ဆေးမှု ပြုလုပ်ပြီးတော့ ဆရာဝန်အတည်ပြုချက်ရပြီး သက်ဆိုင်ရာသူတို့ရဲ့ နေရာဒေသတွေကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်” လို့ မကွေးမြို့ခံတဦးကပြောပါတယ်။

ကားတိုက်မှုမှာ ဆီဘောက်စာကားပေါ်လိုက်ပါလာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အမျိုးသား ၂ ဦး၊ Light Truck ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အသက် ၁ နှစ် ၆ လအရွယ် ၁ ဦးသေဆုံးခဲ့တာပါ။

လက်ရှိမှာ ပျက်စီးသွားတဲ့ကားတွေကိုတော့ မကွေးရဲစခန်းမှာပို့ဆောင်ထားပြီး အမှုဖွင့်တရားဆွဲဆိုတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း မကွေးမြို့ ရန်ကင်းရပ်ကွက် အ.ထ.က (၁) လမ်းနဲ့ သုခိတာလမ်းဆုံ KBZ Bank 3 အနီးမှာ ကားနဲ့ဆိုင်ကယ်ယာဥ်တိုက်မှုတခုဖြစ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။