13 July 2026 1:37 AM

အမျိုးသား ၂ ဦးစီးဆိုင်ကယ်တွေကို စစ်ကောင်စီကဖမ်းပြီး ရိုက်နှက်ငွေတောင်းတာတွေ လုပ်နေ

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်ရှိ စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေက အမျိုးသား ၂ ဦးစီး ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး၊ ရိုက်နှက်ငွေတောင်းတာတွေကို လုပ်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက် မနေ့ကမနက်ပိုင်းမှာစတင်ကာ ဖမ်းဆီးနေတာဖြစ်ပြီး၊ ကျွန်းလှမြို့အနီး ကျေးရွာတွေကနေ ကျွန်းလှမြို့ပေါ်ကို လာသူအများစု ဖမ်းဆီးခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“ဒီနေ့ (ဧပြီ ၁၀)မနက်တော့ အဖမ်းခံရတဲ့ အနီးအနားဝန်းကျင်ရွာက လူတွေအများကြီးလို့ လှမ်းပြောကြတယ်။ မြို့ပေါ်လူထုအနေနဲ့လည်း ဖုန်းလက်ခံပြောဖို့ကို လန့်နေကြတာဆိုတော့ အသေးစိတ်မေးဖို့ မရဘူး” လို့ ဆိုပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေက မြို့ပေါ်မှာ နေရာခွဲ၊ ဂိတ်ချပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“ဂိတ်တွေက မြို့ရဲ့မြောက်အဝင်မှာ တဂိတ်၊ မြို့အနောက် သစ်ရာမြိုင်စျေးအနီးမှာ တဂိတ်၊ တောင်ဘက်မြို့အဝင်မှာ တဂိတ် ပေါင်းသုံးခုရှိတယ်လို့ သိရတယ်။ မနေ့ကတော့ ဒီဂိတ်တွေအပြင် ဘူတာကြီးရှေ့မှာကော တဂိတ်ချထားတယ်လို့ သိရတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဆိုင်ကယ်တွေကို အပိုင်သိမ်းပြီး၊ ဆိုင်ကယ်မောင်းနှင်သူနဲ့ လိုက်ပါလာသူ‌‌တွေကို ငွေနဲ့ ပြန်လည်ရွေးယူခိုင်းတဲ့အပြင် ရိုက်နှက်စစ်ဆေးမှုတွေကိုပါ ပြုလုပ်နေတာလို့ သိရပါတယ်။

ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရုံးနဲ့ ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် အခုလို အမျိုးသားတဦးထက်ပိုပြီး ဆိုင်ကယ်မစီးရအမိန့်ကို ထုတ်ပြန်လိုက်တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ကျွန်းလှမြို့ပေါ်မှာ အမျိုးသားဆိုရင် တဦးထက်ပိုပြီး ဆိုင်ကယ်စီးနင်းခွင့်မရှိ‌ဟုဆိုပြီး စစ်ကောင်စီလက်အောက်ခံ ကျွန်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ခုလိုဖမ်းဆီးမှုမျိုးကို ရက်ပိုင်းသာ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။