အုတ်ဖိုမြို့မှာ လောင်းကစားဝိုင်းတွေကို ဆက်မလုပ်ဖို့ မြေအောက်ပြောက်ကျားတပ်က ပြင်းထန်စွာ သတိပေး

0 1
0 1

အုတ်ဖို၊ ဧပြီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲက လောင်းကစားဝိုင်းတွေကို ဆက်ပြီးမလုပ်ဖို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၉ ရက်မှာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

လောင်းကစားဝိုင်းတွေကို အုတ်ဖိုမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ ဂရံရွာနဲ့ ဒီးဒူးပင်အရှေ့ရွာမှာ လုပ်ဆောင်နေကာ၊ အဲ့ဒီလောင်းကစားဝိုင်းတွေကို ရှေ့ဆက်လုပ်ဆောင်ပါက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းတာဝန်ခံ ဗိုလ်တောက်တံ့က ပြောပါတယ်။

“ဖဲဝိုင်း ဂျင်ဝိုင်း ကြက်ဝိုင်းနဲ့ လောင်းကစားနည်း မျိုးစုံလုပ်နေတာ။ တပတ်လုံးလုပ်တာ။ ပြည်သူတွေရဲ့စီပွားရေးကို ထိခိုက်နစ်နာလို့ တားရတာပါ။ ဒါနောက်ဆုံးအကြိမ် သတိပေးတာ။ ပြည်သူတွေလည်း မသွားဖို့ ဝေးဝေးမှာနေဖို့ ပြောချင်တယ်။ ရပ်တန်းကမရပ်လို့ ပစ်ခတ်တိုက်ခိုက်တဲ့အခါ ပြည်သူတွေထိခဲ့ရင် ဖြေရှင်းမပေးနိုင်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းဒိုင်တွေက နယ်ခံပျူစောထီးတွေကတဆင့် စစ်ကောင်စီကို ဆက်ကြေးကောက်ပေးရပြီး၊ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ၁၆ သိန်း၊ သောကြာ-စနေ-တနင်္ဂနွေ သုံးရက်လုပ်ခွင့် ၁၆ သိန်းပေးရကာ စစ်ကောင်စီတပ်သားတွေကလည်း အရပ်ဝတ်၊ လက်နက်တွေကိုင်ပြီး လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ နတ်တလင်း၊ မိုးညို စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီကို ဆက်ကြေးပေးကာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာနေသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း သတိပေးတိုက်ခိုက်တာတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။