မန္တလေးမှာအင်အားပြင်းငလျင်ထပ်မံလှုပ်၊ နေအိမ်တချို့အက်ကွဲ

0 42
0 42

မန္တလေး၊ စက်တင်ဘာ ၄၊ ၂၀၂၅။

မန္တလေးမြို့မှာ အင်အားပြင်းငလျင်တခုထပ်မံလှုပ်ခတ်ခဲ့ပြီး နေအိမ်တချို့အနည်းငယ်ထိခိုက်တာတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

စက်တင်ဘာ ၄ ရက် နေ့၊ ဒီနေ့မနက် ၁၀ နာရီ ၅၁ မိနစ်မှာ စဉ့်ကိုင်မြို့အနီးကို ဗဟိုပြုပြီး ၄.၂ အဆင့်ပြင်းအားရှိ ငလျင်ငယ်တခုထပ်မံလှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီး လူတွေအားလုံး လမ်းမပေါ် ထွက်ပြေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ပြင်းတယ်။ကျွန်မ သူငယ်ချင်းအိမ် အောက်ထပ် ထပ်အက်သွားတယ်။ အိမ်ကတော့ ဘာမှမဖြစ်ဘူးထင်တာပဲ။ လိုက်စစ်ရအုံးမယ်”လို့ ချမ်းအေးသာစံမြို့နယ်က အမျိုးသမီးတဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မန္တလေးမြို့ခံ လူမှုကူညီရေး အသင်းတွေလည်း ရပ်ကွက်အလိုက် လှည့်လည်ကြည့်ရူတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့ပြီး လူသေဆုံးမှု ၂,၀၀၀ ကျော်နဲ့ ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မန္တလေးမြို့မှာ ၅ လကျော်ကြာအထိ အလောင်းထုတ်ယူမှု မပြီးသေးချိန်မှာပဲ ယခုလို ငလျင်ငယ်တွေ ထပ်မံ လှုပ်ခတ်နေတာပါ။

မန္တလေးမြို့က နာမည်ကြီး SKY Villa ကွန်ဒိုမှာဆို ပြီးခဲ့တဲ့လအထိ ရုပ် အလောင်း ၂၀၀ ထုတ်ယူထားပြီး မဖော်ရသေးတဲ့ အခန်းအများအပြားကျန်သေးတယ်လို့ သိရပါတယ်။

ကွန်ဒိုဆောက်လုပ်ခဲ့တဲ့ NTL Construction Company ကတော့ သေဆုံးသူတဦးကို ငွေကျပ်သိန်း ၁၀၀ ပေးမည်ဖြစ်ပြီး သေဆုံးမှုအထောက်အထားပြကာ လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။