11 July 2026 12:19 PM

ပဲခူးအနောက်ခြမ်းမှာ နွေစပါးထယ်ရေးပြင်ဆင်စားရိတ် မြင့်တက်

0 4
0 4

ပဲခူး၊ မတ် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)မှာ နွေစပါးစိုက်ပျိုးဖို့ မတ်လဆန်းက စတင်ကာ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် ထွန်ယက်လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခုလို စားရိတ်မြင့်တက်နေတာ ဖြစ်ပါတယ်။

လယ်ယာသုံးထွန်စက်တွေနဲ့ ထွန်ယက်ရာမှာ ယခင်နှစ်ကထက် စားရိတ်ပိုမိုကုန်ကျနေတာ ဖြစ်ပြီး ယခင်နှစ် ထယ်ထိုးကုန်ကျစားရိတ် ၂၅၀၀၀ – ၂၈၀၀၀ ကျပ်ကနေ ယခုနှစ် ထယ်ထိုး

ကုန်ကျစားရိတ် ၃၅၀၀၀ – ၃၈၀၀၀ ကျပ်ရှိကာ ရိုတာဗေလာဖြင့် သမန်းပြင်ရာ ယခင်နှစ်ကုန်ကျစားရိတ် ၃၀၀၀၀ – ၃၃၀၀၀ ကျပ်ကနေ ယခုနှစ် ၃၈၀၀၀ – ၄၀၀၀၀ ကျပ်အထိ မြင့်တက်နေသွားတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

“ထွန်စက်နဲ့ ထယ်ထိုးရာ ထယ်သွားတပ်ဆင်ထားတဲ့ လင်ပန်းအလိုက် စျေးနှုန်းကွာခြားပေမယ့် သမန်းရဖို့ စိတ်ကြိုက်ထယ်ရေးရအောင် မြေပြင်ပေးရတယ်။ ထယ်ရေးက စိုက်သမန်းရဖို့ အရေးကြီးတယ်။ တောင်သူအများစုကတော့ လင်ဗန်းထယ် ၇ သွားပါတဲ့ ထွန်စက်နဲ့ထိုးတာများတယ်” လို့ သာယာဝတီခရိုင်တွင်းက တောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးတိုင်း(အနောက်ခြမ်း)မြို့နယ်အားလုံးမှာ စိုက်ပျိုးတာမျိုးမဟုတ်ဘဲ ဆည်ရေရရှိရာ ဒေသများဖြစ်တဲ့ ပြည်၊ ပေါင်းတည်၊ သဲကုန်း၊ ဇီးကုန်း၊ လက်ပံတန်း၊ သာယာဝတီ၊ သုံးဆယ် တို့မှာ အဓိကစိုက်ပျိုးပြီး အခြားမြို့နယ်များတွင်လည်း အနည်းငယ်စီ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ နွေစပါးအဖြစ် ဆင်းသုခ၊ မှော်ဘီ(၃)၊ ရတနာတိုး၊ အဓိကစိုက်ပျိုးပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ၄ လကျော် ကြာတတ်တယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းမှာတော့ ယခင်နှစ်ထက် ဆည်ရေလွှတ်ချိန် လဝက်ခန့် နောက်ကျနေတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။