ပထမအချီ အလဲထိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တဲ့ သန့်ဇင် (အားကစားသတင်း)

0 1.1K
0 1.1K

မြေလတ်အသံ၊ ဩဂုတ် ၁၅၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်နေတဲ့ One Friday Fights 120 ပွဲစဉ် Flyweight တန်း မွေထိုင်း ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သန့်ဇင် ပထမအချီမှာတင် အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာဖိုက်တာ သန့်ဇင်ဟာ ထိုင်းဖိုက်တာ ဂင်ဆန်လက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ပထမအချီ ၁၅ စက္ကန့်မှာ အမြင့်ကန်ချက်နဲ့ ၁ကြိမ်၊ ၅၈ စက္ကန့်မှာ ၁ကြိမ်နဲ့ ၁ မိနစ် ၁၀ စက္ကန့်မှာ ၁ ကြိမ်၊ စုစုပေါင်း အမှတ်စဉ် ၃ ကြိမ် ရေတွက်ခံရပြီး အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဝမ်းချန်ပီယံရှစ်မှာ ၅ ပွဲ ထိုးသတ်ခဲ့တဲ့ သန့်ဇင် ဟာ ဒီပွဲအပါ ၂ ပွဲနိုင် ၃ ပွဲရလဒ် ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက် အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။