ပိုက်ဆံကောက်နေတဲ့ ပျူစောထီးနဲ့ ပြည်သူစစ်တွေ ဒရုန်းနဲ့ ဗုံးကြဲချခံရပြီး ၅ ဦးဒဏ်ရာရ(ရုပ်/သံ)

0 26
0 26

ချောင်းဦး၊ ဩဂုတ် ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးရှန်ကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ ၅၀၅ ဆရာတော် ဦးဝါသဝ လက်အောက်ခံ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေကို ဩဂုတ် ၁၂ ရက်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar People Defence Force ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ငါးရှန်ကျေးရွာထိပ်မှာတပ်စွဲကာ လမ်းသွားပြည်သူတွေဆီက ပိုက်ဆံကောက်နေတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ် အင်အား ၃၀ ဦးခန့်ကို ညနေ ၃ နာရီခွဲလောက်မှာ ဒရုန်းနဲ့ 4 kg ဗုံးသီး ၁ လုံး၊ 1 kg ဗုံးသီး ၄ လုံးကြဲ ချတိုက်ခိုက်ခဲ့တာလို့Yae Nagar People Defence Force ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးနဲ့ပြည်သူ့စစ်တွေရဲ့ဘန်ကာအတွင်းကို ဒရုန်းဗုံးသီးကျရောက်ခဲ့တာကြောင့် ၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့Yae Nagar People Defence Force ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက 81မမ နဲ့ ပြန်ပစ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yae Nagar People Defence Force ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင် အမှတ် ၈ တပ်ရင်း တပ်ခွဲ ၃၊ Myaung T.G.R တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။