11 July 2026 6:43 PM

တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သားကို NUG စစ်သုံ့ပန်းစည်းမျဉ်းအရ အရေးယူဖို့စီစဉ်

0 5
0 5

ဆိပ်ဖြူ၊ ဖေဖော်ဝါရီ ၂‌၈၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်စပ်က တိုက်ပွဲအပြန်လမ်းမှာ စစ်သားတဦး ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းစည်းမျဉ်းနဲ့အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်ကတိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခွာချိန် အဖွဲ့နဲ့ကွဲပြီးကျန်ခဲ့တဲ့ ထောက်ပို့တပ်သားတဦးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး NUG ရဲ့ စည်းမျဥ်းဥပဒေတွေနဲ့ အရေးယူဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ပစ်ဖမ်းပေမယ့် သူ့ကိုတော့ ဒဲ့မပစ်ဘူး၊ အညံ့ခံဖို့ပြောပြီးပဲဖမ်းတာ၊ ကျနော်တို့ကမုန်းပေမယ့် စစ်သုံ့ပန်းဆိုတော့ လက်ဖျားနဲ့တောင်မထိဘူး၊ အထက်က စည်းမျဉ်းတွေအတိုင်းပဲ သာမာန်ဧည့်သည်တယောက်လို ဆက်ဆံထားတယ်၊ နေမကောင်းလို့ ကွဲကျန်ခဲ့တယ်လို့ပြောပေမယ့် လွယ်လွယ်ကူကူဖမ်းခဲ့ရတာတော့ မဟုတ်ဘူး” လို့ ဆိပ်ဖြူ ဗိုလ်မထားအဖွဲ့မှ ရဲဘော်ရိုမာန်က ပြောပါတယ်။

အသက် ၅၀ ဝန်းကျင် ထောက်ပို့တပ်သားလို့သာ ကနဦးသိထားရပြီး စစ်ဆေးမေးမြန်းစရာတွေကျန်သေးတဲ့အတွက် အသေးစိတ်အချက်လက်ကတော့ ဖော်ပြနိုင်ခြင်းမရှ်ိသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက် ၂ ရက်တာလုံးအင်အား ၈၅ ယောက်ရှိတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး ဒဏ်ရာရတွေလည်းများပြားလို့ တန့်ကြည့်တောင်ဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲ‌ကို ပခုက္ကူခရိုင်တပ်ရင်း -၁၉ တပ်ခွဲ (၃) SP PDF ဗိုလ်မထားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF (တပ်ရင်း ၁၃)၊ King Fighter ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ DYT၊ Dog Hunter UAV Force (မကွေးတိုင်းဒေသကြီး ဒရုန်းဇုန်(၂)ဒရုန်းတပ်ရင်း(၁) ဒရုန်းတပ်ခွဲ (၄)၊ MC KC DFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။