Chauk PDF ရဲ့ အပတ်စဥ် ၆ အခြေခံစစ်သင်တန်းဆင်း (ရုပ်/သံ)

0 26
0 26

ချောက်၊ ဇူလိုင် ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပင်မစခန်းတနေရာမှာ Chauk People Defence Force ရဲ့ အပတ်စဥ် ၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇူလိုင် ၃၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

ဇူလိုင် ၁ ရက်ကစပြီး ၁ လကြာပြုလုပ်ခဲ့တဲ့ အဆိုပါအခြေခံစစ်ပညာသင်တန်းကို တပ်ဖွဲ့ဝင် သင်တန်းသား အမျိုးသား ၇၀ ဦး တက်ရောက်ခဲ့ကြပြီး လွန်ခဲ့တဲ့ ၃ နှစ်က KIA၊ KNU ဘက်ကပြန်လာတဲ့ ဆရာတွေက ပြန်လည်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

“သင်တန်းတက်ရောက်လာသူတွေကတော့ တိုင်းပြည်ရဲ့အာဏာကို သေနတ်နဲ့ မတရားလုယူပြီးတော့ သူတို့ရဲ့အနာဂတ်တွေ ပျက်သုဉ်းသွားတဲ့အပြင် တိုင်းပြည်ချောက်ထဲကျနေတာကို တော်လှန်ပြီးတော့ ပြန်လည်တိုက်ခိုက်မှာမလို့ သင်တန်းကိုလာရောက်တက်တဲ့သူတွေဖြစ်ပြီး မကွေး၊ ချောက်၊ ညောင်ဦး၊ မန္တလေး တို့က တက်ရောက်လာကြတာဖြစ်တယ်”လို့ Chauk People Defence Force တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

သင်တန်းကာလတလျှောက် အခြေခံစစ်ပညာတွေ၊ စစ်ကောင်စီကို တိုက်ခိုက်ဖို့ အရည်အသွေးရှိအောင် ပြန်လည်ပို့ချခဲ့ပြီး သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေအတွက် ဆုချီးမြှင့်တဲ့အခမ်းအနားတော့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိသင်တန်းဆင်းသူတွေကို ချောက်မြို့နယ်အတွင်းမှာ တာဝန်ချထားပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။