စစ်တပ်ဝင်မွှေပြီးပြန်ထွက်ချိန်ကျန်နေခဲ့တဲ့ သဖန်းချောက်ကျေးရွာအခြေအနေ

0 5
0 5

ပေါက်၊ ဖေဖော်ဝါရီ ၂‌၆၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သဖန်းချောက်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဖေဖော် ဝါရီ၂၆ရက် ဒီနေ့ မနက်၈နာရီမှာ ဝင်ရောက်နေထိုင်ခဲ့ပြီးနောက် ရွာလုံးကျွတ်နီးပါးမွှေနှောက်ဖျက်စီးခံလိုက်ရတယ်လို့ သိရပါတယ်။

နေအိမ်တွေကို မွှေနှောက်ဖျက်စီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပျူအများစုနေတဲ့ ယာကြီးပြင်ရွာဘက်ကနေ အင်အား၈၀ ကျော်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ Successful Force – Pauk သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ပြောပါတယ်။

“အိမ်တိုင်းလိုလို မွှေနှောက်ခံထားရတာ။ ဝက်၊ ကြက်၊ ဆိတ်တွေကိုလည်း သတ်စားသွားတယ်။ ထမင်းချက်ပြုတ်စားသောက်သွားတာက ရွာလယ်ထဲက အိမ် ၆အိမ်လောက်မှာဗျ။” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်လာချိန် မနက်က ဖမ်းဆီးခံလိုက်ရတဲ့ ဇီးဖြူကုန်းရွာသား နွားကျောင်းသား၂ဦးကိုလည်း ပြန်လွှတ်ခဲ့ပြီး လက်ရှိစစ်ကြောင်းဟာ သဖန်းချောက်ကျေးရွာနဲ့ ၁မိုင်ခန့်ဝေးတဲ့ ကျားပစ်ကန်ရွာကို ရောက်ရှိနေတယ်လို့ ကိုလိပ်ပြာက ပြောပါတယ်။

“သဖန်းချောက်ရွာက အိမ်ခြေ ၆၀ကျော်လောက်ရှိမယ်ဗျ။ အမျိုးသမီးတဦးက လမ်းကြောင်းမှာ သဖန်းချောက်ကျေးရွာကို မဝင်ခင် စစ်ကြောင်းနဲ့တိုးတယ်ဗျ။ သူ့ကို နွား ကျောင်းသား၂ယောက်နဲ့အတူ ဖမ်းပြီးတော့ ဝတ်ဆင်ထားတဲ့ရွှေထည်ပစ္စည်းတွေကိုယူသွားတယ်။ စစ်ကြောင်းက သူတို့၃ယောက်ကိုလွှတ်ပြီး ထွက်သွားတာ”လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်တာမရှိဘဲ တရွာဝင်တရွာထွက် သွားလာနေတာကြောင့် ပန်းတော်ကန်၊ သဖန်းချောက်၊ ဇီးဖြူကုန်း၊ ရေယာဥ်တောင်စု၊ မြောက်စုစတဲ့ ကျေးရွာ၅ရွာက ဒေသခံ ၁ထောင်ကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဖြစ်တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။