ခလရ ၂၅၈ တပ်က ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရ

0 5
0 5

ရေစကြို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ထဲက ထွက်လာတဲ့ စစ်သားတွေကို ဖေဖေါ်ဝါရီလ ၂၃ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

အိမ်စီးကား ၃ စီးအပြည့်နဲ့ ရေစကြိုမြို့ထဲကို ဝင်လာချိန် နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ပဒေသာမိုင်း ၃ လုံးတွဲ ၂ ဆိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ရဲ့တပ်ထဲကနေ ထွက်လာပြီး ရေစကြိုမြို့ထဲကို ဝင်လာတာမှာ စိုက်ပျိုးရေးခြံနားအရောက်မှာ တိုက်ခိုက်ခဲ့တာပါ။ ကား၂ စီးက ထိုးရပ်သွားပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်နေပါတယ်။ ကား ၂ စီးကိုလည်း ပြန်ပြင်နေတာ တွေ့လိုက်ရတယ်” လို့ ရေစကြိုပကဖမှ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားတွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေပြီး ကာကွယ်ရေး ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ရေစကြိုမြို့နယ် ပ.က.ဖအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်လည်း ရေစကြိုမြို့နယ် အထက – ၁ ကျောင်းရှေ့မှာ စောင့်နေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ရေစကြိုနယ်အတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်ဆိုသူတွေကို မကြာခဏ ရှင်းလင်းတိုက်ခိုက်နေသလို စစ်ကောင်စီတပ်တွေဘက်ကလည်း ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံပြည်သူတွေကို မထင်ရင် မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။