ဆိုင်ကယ်စီးအမျိုးသမီး ၁ ဦးဆီက လုယက်သူ ၂ ဦးကို ပြည်သူတွေက ဝိုင်းဖမ်းခဲ့ရ

0 4
0 4

မန္တလေး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၁ ဦးကို လုယက်ဖို့ ကြိုးစားသူကို ပြည်သူတွေက ဝိုင်းဖမ်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၁ ဦးကို ဆိုင်ကယ်စီး လုယက်သူ ၂ ဦးက အနောက်ကနေ ပိုက်ဆံအိတ် လုယူပြီး မောင်းပြေးချိန် အမျိုးသမီးမှ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရာမှာ ပြည်သူတွေက ဝိုင်းဖမ်းပေးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ ရောက်တဲ့အချိန်မှာ ရဲက ဖမ်းထားပြီးပြီ။ မေးကြည့်တော့ လူငယ် ၂ ယောက်က အမျိုးသမီးတစ်ယောက်ဆီကနေ ပိုက်ဆံအိတ်လုပြေးတာကို ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးလို့ မိတာ။ ဝိုင်းဖမ်းတဲ့သူတွေကိုတောင် ပြန်ရန်မူတော့ ဝိုင်းပြီး ဆွမ်းကြီးလောင်းခံလိုက်ရတယ်” လို့ ပြောပါတယ်။

ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးချိန် လုယက်သူ လူငယ် ၂ ဦးဟာ ဒဏ်ရာတွေ ရသွားလို့ ရဲကဖမ်းပြီး ဆေးရုံပို့ထားရတယ်လို့ ဆိုပါတယ်။

မန္တလေးမှာ လုယက်မှုတွေဟာ ၁ လကို ၁၀ မှုနီးပါး ဖြစ်နေလို့ ပြည်သူတွေမှာ ကျီးလန့်စာ စား ဘဝနဲ့နေထိုင်နေရပြီး အပြင်ထွက်သွားလာဖို့ စိုးရိမ်ကြောင့်ကြ နေရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ မကြာခဏ လုယက်ခံနေရပြီး လုယက်ခံရသူအချို့ဟာ ဒဏ်ရာရတာအပြင် အသက်သေဆုံးရတဲ့အထိ ဖြစ်နေပေမယ့် စစ်ကောင်စီအဖွဲ့တွေကတော့ လုယက်သူတွေကို ထိရောက်အောင် ဖမ်းဆီးနိုင်တာ မရှိဘူးလို့ သိရပါတယ်။

လုယက်သူအများစုဟာ လူငယ်ပိုင်းတွေဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားသူတွေနဲ့ လောင်းကစားကိစ္စကို အလွန်အကျွံ လုပ်ကိုင်နေသူတွေ အများစုဖြစ်တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။