မင်းတုန်း၊ ဝက်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

0 8
0 8

မင်းတုန်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ကမနက် ၈ နာရီလောက်မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦမြင့်အောင် အသက် ၅၉ နှစ်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမား ၄ ဦးက ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျေးရွာနဲ့တမိုင်အကွာ ဆင်ဖြူတောင်ကျောနားမှာ သတ်လိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူသတ်ဖြတ်ခံလိုက်ရတာက ဟုတ်တယ်။ လာဖမ်းသွားပြီး လက်ကြိုးတုတ်ပြီး ခေါင်းဖြတ် သတ်သွားတာ။ သူကတော့ စကစခန့်အုပ်ကြီးဆိုတော့ စကစ က ခိုင်းတာ လုပ်ရတာတော့ ရှိတယ်။ အလောင်းတော့ ပြန်ရလာတာတော့ ရှိတယ်” လို့ ပြောပါတယ်။

ဦးမြင့်အောင်ဟာ ဖမ်းဆီးခံရပြီးနောက် လည်ပင်းကို ပြတ်တဲ့အထိ ဓားနဲ့ခုတ်ဖြတ်ခံထားရတာလို့ ဆိုပါတယ်။

“အဲ့လို သတ်ဖြတ်ခံထားရတယ်လို့တော့ သိရတယ်။ ဒီဘက်ခြမ်းမှာက အဲ့လိုဖြစ်တာ တော်တော်ရှားတယ်။ ကျနော်နဲ့ သိတဲ့အဖွဲ့တွေကို မေးကြည့်သလောက်က သူတို့မလုပ်ဘူးလို့ ပြောကြတယ်။ လုပ်တဲ့အဖွဲ့က သတင်းကို ဖုံးထားချင်လို့ မထုတ်ပြန်တာလားတော့ မသိဘူး” လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီလုပ်ဆောင်မှုကို ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ မသိရသေးသလို အုပ်ချုပ်ရေးမှူးအလောင်းကိုတော့ ဒေသခံတွေက ကျေးရွာကို ပြန်သယ်သွားကြတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လထဲမှာလည်း မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာက အုပ်ချုပ်ရေးမှူးကို PDF တွေက ပစ်ခတ်ရှင်းလင်းခဲ့ပေမယ့် အသက်မသေဘဲ ဒဏ်ရာသာ ရရှိခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။