12 July 2026 7:39 AM

တောင်ငူမှာ သရက်ကိုင်းတက်ခုတ်တဲ့ အမျိုးသား အပင်ပေါ်ကပြုတ်ကျသေဆုံး

0 49
0 49

တောင်ငူ၊ ဇူလိုင် ၁၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၁၈ ရပ်ကွက်မှာ သရက်ပင်တက်ခုတ်တဲ့ အမျိုးသား ၁ ဦး ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက်နေ့လယ် ၁၁ နာရီခန့်မှာ သစ်ပင်အဌားခုတ်သူ အမှတ် ၁၈ ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် အမျိုးသားဟာ အမြင့် ၁၀ ပေကျော်ရှိ သရက်ပင်ပေါ်တက်ပြီး အကိုင်းတက်ခုတ်ချိန် အောက်ကိုပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

“သူခုတ်တဲ့ အကိုင်းက သူခြေထောက်နဲ့ငြိပြီး ပါလာတယ်လို့တော့သိရတယ်။ အပင်က တအားအမြင့်ကြီးမဟုတ်ဘူး။ အောက်က သမံတလင်းနဲ့မို့လို့။ ကျတဲ့အချိန် ခွပ်ကနဲ တောင်ကြားတယ်လို့ ပတ်ဝန်းကျင်ပြောကြတယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

သစ်ပင်ပေါ်က ပြုတ်ကျတာကြောင့် အဆိုပါအမျိုးသားမှာ မျက်နှာနဲ့ဦးခေါင်းဒဏ်ရာရပြီး တောင်ငူဆေးရုံကို ပို့ဆောင်ချိန် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားရဲ့အလောင်းကတော့ ဇူလိုင် ၁၆ ရက်နေ့လယ်ပိုင်းထိဆေးရုံမှာ ရှိနေပြီး မိသားစုတွေဘက်က အလောင်းလာပြန်မသယ်သေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။