myaelatt athan

Sharing Information to the Local

ကျောင်းကြိုပို့ကားကို မိုင်းဆွဲတာမဟုတ်ပဲ ဆိုင်ကယ်နဲ့လာတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာလို့ဆို

0 2
0 2

အရာတော်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

အရာတော်မြို့၊ အ.ထ.က ကျောင်းကနေ စစ်တပ်ထဲကိုလာတဲ့ စစ်တပ် ကျောင်းကြို/ပို့ ကားတစီး ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁ နာရီမှာ ဆွဲမိုင်းထိလို့ ကျောင်းသူတဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ကျောင်းကြိုကားကို မိုင်းဆွဲတာမဟုတ်ဘဲ အဲဒီကားနောက်မှာ လိုက်ပါလာတဲ့ စစ်သားတွေစီးလာတဲ့ ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲခဲ့တာ ဖြစ်တယ်လို့ မိုင်းဆွဲခဲ့တဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့က ကားကိုဆွဲတာ မဟုတ်ဘူးဗျ။ ကားနောက်က ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဆွဲတာ။ ဆိုင်ကယ် ၁ စီးမှာ ၂ ယောက်စီးလို့ပါ။ အဲဒါကို ကျနော်တို့မိုင်းဆွဲတဲ့အခါမှာ ဆိုင်ကယ် ၂ စီးလည်း ထိသွားတယ်။ ကားကိုပါ ထိမှန်သွားတာပါ” လို့ ဆိုပါတယ်။

ဆိုင်ကယ်တွေ မိုင်းဆွဲခံရလို့ ၂ စီး မိုင်းထိမှန်သွားတာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မိုင်းဆွဲခဲ့တဲ့အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မိုင်းက အကြီးကြီးတလုံးပဲ ဆွဲလိုက်တာဗျ။ ဆွဲတာကလည်း စကစတွေကိုပဲ ဆွဲတာပါ။ အခုလို ကားကိုထိမှန်ပြီးတော့ ကျောင်းသူ/သားတွေ ထိခိုက်မှုရှိခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကိုလည်း PDF အဖွဲ့အစည်းတခုအောက်က လုပ်ခဲ့တာမဟုတ်ဘဲ စိတ်တူသူငယ်ချင်းတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကြိုပို့ကားကို မိုင်းမတော်တဆ ထိမှန်ခဲ့တာကြောင့် ဒဏ်ရာသွားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။