myaelatt athan

Sharing Information to the Local

မြိုင်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ တိရိစ္ဆာန်အချို့သေပြီး၊ ဒေသခံတွေ ထွက်ပြေးနေရ

0 3
0 3

မကွေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်သားနဲ့ပျူတွေက မိုင်ဝက်သာသာဝေးတဲ့ ကျွဲတွင်းကျေးရွာကို တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ တိရိစ္ဆာန်အချို့ထိမှန် သေဆုံးခဲ့သလို ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်မနေ့ကညနေ ၅ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ၈ ချက်ခန့်ပစ်ခတ်ခဲ့ရာ ဒေသခံတွေကိုတော့ မထိခိုက်ပဲ နွား ၂ ကေင်ကတော့ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

“ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမဖြစ်ပဲ ၆၀ မမ လက်နက်ကြီးနဲ့ ၈ ချက်ပစ်ခတ်တာ၊ အသံကြားလို့ ပြည်သူကတော့ တိမ်းရှောင်နိုင်ပြီး တိရစ္ဆာန်တွေ ထိသွားတယ်။ ပစ်ခတ်ခဲ့တာကြောင့် နွား ၂ ကောင်သေပြီး ၁ ကောင် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ပခုက္ကူအခြေစိုက် တမခ ၁၀၁၊ ရေစကြိုအခြေစိုက် ခလရ ၂၅၈ က စစ်သားတွေနဲ့ ဝက်ပုတ်ရွာက ပျူစောထီးတွေ ပူးပေါင်းပြီး ခုလိုပစ်ခတ်ခဲ့တာဖြစ်သလို ခုလိုပစ်ခတ်လို့ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ကျွဲတွင်းရွာက ဒေသခံ ၄၀၀ လောက်က ရွာကနေထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ခုလက်ရှိမှာလည်း အဆိုပါစစ်အုပ်စုဟာ မြိုင်နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။