myaelatt athan

Sharing Information to the Local

မြိုင်မှာ တိုက်လေယာဥ်နဲ့ဗုံးကြဲလို့ အသက် ၂ နှစ်ကလေးနဲ့ ဦးလေးဖြစ်သူ သေဆုံး

0 42
0 42

မြိုင်၊ ဇူလိုင် ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သနပ်ရင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်ကလေး ၁ ဦးအပါ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၉ ရက် ယမန်နေ့ည ၈ နာရီခန့်မှာ မြိုင်မြို့နယ် အနောက်မြောက်ခြမ်းရှိ သနပ်ရင်းကျေးရွာကို တိုက်လေယာဥ် ၁ စင်း က ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ ရွာထိပ်က စျေးဆိုင်ဖွင့်ထားတဲ့ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“သူ့(ကလေး)မိသားစုက အပြင်ရောက်နေတာ မထိဘူး(သေဆုံးအမျိုးသားက)ညီအကို ဝမ်းကွဲတော်တာ ဖအေနဲ့က” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတာကြောင့် စျေးဆိုင်နေအိမ်မှာရှိနေတဲ့ အသက် ၂ နှစ်အရွယ်ယောကျာ်းလေး ၁ ဦးနဲ့ ၎င်းရဲ့ ဦးလေးဖြစ်သူ အသက် ၄၀ ကျော် အမျိုး သားသေဆုံးခဲ့ပြီး နောက်ထပ်ရွာခံ ၅ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့နေအိမ်က မိသားစုတွေဟာ မြိုင်မြို့ပေါ်က စစ်ရှောင်ရင်း သနပ်ရင်းကျေးရွာမှာ စျေးဆိုင်ဖွင့်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က ရွာထိပ်မှာ သီးခြားရှိနေတဲ့ စျေးဆိုင်နေအိမ်ကို တိုက်ခိုက်ခဲ့တာဖြစ်ကာ ၎င်းရွာဟာ အရင်က လေကြောင်းတိုက်ခိုက်မှုမျိုးမရှိခဲ့ဘဲ ပထမဆုံးတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

သနပ်ရင်းကျေးရွာနဲ့ ဗဟင်းကျေးရွာဟာ ၁ မိုင်ခန့်သာကွာဝေးပြီး ဗဟင်းရွာဟာ ယခုနှစ်အတွင်း လေကြောင်းကနေ ၃ ကြိမ်ထက်မနည်းဗုံးကြဲခံထားရကာ ဇူ လိုင် ၂ ရက် ညနေ ၅ နာရီခန့်ကလည်း ဗဟင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။