၀က်လက်က ကိုယ်ထူကိုယ်ထကျောင်းစုံညီပွဲကျင်းပ (ရုပ်/သံ)

ဝက်လက်၊ ဇွန်၂၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတနေရာမှာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ အလယ်တန်းစာသင်ကျောင်းက ကျောင်းသားတွေရဲ့ စုံညီပွဲတော်နဲ့ ဆုချီးမြှင့်ပွဲကိုကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို ဇွန်၂၈ ဒီနေ့မနက်ပိုင်းက ဝက်လက်မြို့အရှေ့ခြမ်းစိုးမြေနယ်မြေတနေရာမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ကဦးဆောင်ကျင်းပခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူးဗိုလ်ကောက်ရိုးကပြောပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ ဆုရရှိခဲ့တဲ့ ကျောင်းသူ/ကျောင်းသားတွေကို ဆုတံဆိပ်နဲ့ ငွေသားတွေ တပ်ရင်းက အကုန်အကျခံကာ ချီးမြှင့်ပေးခဲ့တယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အဆိုပါအခမ်းအနားကို ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့ကတာဝန်ရှိသူတွေ၊ တပ်ရင်းတာဝန်ရှိသူတွေနဲ့ ရပ်မိ၊ရပ်ဖတွေ တက်ရောက်ခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစာသင်ကျောင်းဟာ ၂၀၁၈ ခုနှစ်က ဗိုလ်ကြီး နေမျိုးဇင်လှူဒါန်းခဲ့တဲ့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး အာဏာသိမ်းချိန်အစပိုင်းမှာ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ဒီနေ့အထိ ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ဦးဆောင်တာဝန်ယူကာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ကျောင်းလည်းဖြစ်ပါတယ်။

တည်းဖြတ် – HP⁩

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။