myaelatt athan

Sharing Information to the Local

ယင်းမာပင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးခန့် သေဆုံးဟုဆို

0 1
0 1

ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Chindwin Toe Na Yar P.D.F ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ယင်းမာပင်စခန်းက စစ်သားတွေကို ၁ နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ စတဲ့ လက်နက်ကြီးတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“ယင်းမာပင်စခန်းမှာ *အင်အား ၁၀၀ ဝန်းကျင်နဲ့ အရပ်ဝတ်တွေနဲ့နေတာ၊ ဘယ်တပ်ကလို့‌တော့ မသိရဘူး။ သူတို့ကယူနီဖောင်းနဲ့နေတာ မဟုတ်ဘူး။ တိုက်ပွဲချိန်က ည ၁၁ နာရီ ၄၅ မိနစ်ကနေ ည ၁ နာရီခွဲအထိ ပစ်ခတ်ခဲ့တာ။ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁ ဦးကတော့ အပြင်းအထန်ဒဏ်ရာရတယ်လို့ အတွင်းဖရဲသီး သတင်းပေးချက်အရ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်‌သေးပါဘူး။

ဒီတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ Real Hero ၊ Jungle Hunter revolution Force ၊ ယင်းမာပင်တပ်ရင်း ၂၉ နဲ့ Triple Two မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစစ်အုပ်စုဟာ အနီးကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်ကလည်း အဲဒီယင်းမာပင်စခန်းကို Chindwin Toe Na Yar PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့‌ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။