ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်ဟုဆို

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနဲ့ ဆားတောင်ကြားမှာ ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ​ကြွယ်ပုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို အင်အား ၃၀ ကျော် ကား ၃ စီးနဲ့လာတဲ့ ပျူစောထီးအဖွဲ့ကို ပဒေသာမိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ အညာသားလေး SGG အဖွဲ့တာဝန်ခံက ပြောပါတယ်။

“သူတို့ရွာက ရိက္ခာကုန်ရင် စစ်ကိုင်းဘက်ကနေ သွားသွားသယ်နေကြပါ။ လိုက်ထရပ် ၂ စီးနဲ့ ဖောကား ၁ စီးနဲ့ လာတာ။ အဲဒါကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တာ ဖြစ်တယ်။ မိုင်းထိလို့ သူတို့ကားပေါ်က ပစ္စည်းအချို့တောင် ကျကျန်ခဲ့တယ်။ သူတို့ပြန်ပစ်လို့ ဒေသခံ ၁ ဦးတောင် ဒဏ်ရာရသေးတယ်။ ရွှေမိုးဟိန်းဆီဆိုင်နားက ၁ ယောက်ထိ သွားတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျူစောထီး အဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပျူစောထီးဘက်က ပြန်ပစ်သွားလို့ ဒေသခံ ၁ ဦး ထိခိုက်ကာ နွား ၄ ကောင် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ အညာသားလေး (SGG)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ Fight For Federal ညီနောင်မဟာမိတ်အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။