10 July 2026 2:09 PM

စစ်ကောင်စီထောက်ပို့အတွက် အသုံးပြုနေတဲ့တံတား မိုင်းခွဲဖျက်ဆီးခံရ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ထိန်တပင်နဲ့ ထော်နွတ်ကျေးရွာကြားရှိ စစ်ကောင်စီရဲ့ ထောက်ပို့ဆက်သွယ်ရေးအဖြစ် အသုံးပြုနေတဲ့ တံတားကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတံတားကို ဖေဖော်ဝါရီလ ၉ ရက် မနေ့ညနေ ၃ နာရီခန့်မှာ မိုင်း ၅ လုံးထောင် ဖောက်ခွဲလိုက်တာလို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီလမ်းက ဒေသခံပြည်သူတွေ သွားလာတာထက် စကစ ဘက်က ပဲခူးရိုးမထဲမှာရှိနေတဲ့ သူတို့တပ်တွေအတွက် ရိက္ခာပို့လမ်းကြောင်းအနေနဲ့ အဓိကသုံးနေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ တံတားကို မိုင်းခွဲလိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။

မိုင်းခွဲခံရလို့ ပေ ၆၀ အရှည်ရှိ တံတားဟာ ချင်းကပ်လမ်းတခြမ်း ပြိုကျ ပျက်စီးသွားခဲ့ပြီး ကားတွေသွားလာဖို့ အဆင်မပြေတော့ဘူးလို့ သိရပါတယ်။

ဒီဖောက်ခွဲမှုကို ညောင်လေးပင်နဲ့ ကျောက်တံခါး ပကဖတို့က ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်၊ ခင်ကန့်လန့်ရွာနဲ့ ကညင်ကျိုးရွာကြားရှိ စစ်ကောင်စီအသုံးပြုနေတဲ့ တံတားတစင်း မိုင်းခွဲခံရပြီး ပျက်စီးသွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။