ကန့်ဘလူက ပျူစောထီးတွေကို PDF ဝင်တိုက်ပြီး လက်နက်တချို့ပါသိမ်း

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စိန်နားရွာက စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် ဒီကနေ့မနက် ၁ နာရီခန့်က စတင်တိုက်ခိုက်ကာ တိုက်ပွဲ ၁ နာရီကျော် ကြာပြီးနောက်မှာတော့ ရွာကိုသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကူတွေ ရောက်လာလို့ အကျဆုံးအခြေအနေကို သေချာမကြည့်နိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ကြတယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“ပျူစောထီးအများစုက လက်နက်မကောင်းတော့ တိုက်ပွဲဖြစ်နေချိန် ထွက်ပြေးကြတာ၊ ကန့်ဘလူ လက်နက်ကြီးတပ်က‌ လှမ်းထုတယ်။ စစ်ကူတွေကလည်း ရောက်လာဆိုတော့ နယ်မြေရှင်းလင်းရေးက အကြာကြီး မလုပ်နိုင်ခဲ့ဘူး။ ရွာထဲမှာလည်း အကျဆုံးတွေ အများကြီးရှိလောက်သေးတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၆ − Taze Revolution Force-TRF နဲ့ ကန့်ဘလူခရိုင် တပ်ရင်း-၁ရဲ့ တပ်ခွဲ ၁၊ ၂၊ ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာတော့ စစ်ကူလာတဲ့တပ်တွေ ရွာထဲမှာ ရောက်နေကာ ခံတပ်ကုန်းတွေနဲ့ တိုက်ပွဲအတွင်း ပျက်စီးသွားတာတွေကို ပြန်ပြင်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်းချိန် ဘန်ကာထဲမှာရှိတဲ့ စစ်သား ၂ ဦးရဲ့ အလောင်းကိုတွေ့ခဲ့ပြီး သူတို့ကိုင်ထားတဲ့ ကာဘိုင်တလက်၊ MA1 တလက်၊ ကျည်ဘောက်နဲ့ ကျည်ဆံတချို့ကို ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။