myaelatt athan

Sharing Information to the Local

ချောက်က မွတ်စလင်အမျိုးသားတွေအပါ ၃ ဦးအသတ်ခံရ

မကွေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃။

မကွေးတိုင်း၊ ချောက်မြို့ပေါ်နေ မွတ်စလင်အမျိုးသားတွေအပါအဝင် ၄ ဦးဟာ ပခုက္ကူဘက်ကို ကားနဲ့ခရီးသွားချိန် ၃ ဦးကလမ်းမှာအသတ်ခံခဲ့ရပြီး စီးသွားတဲ့ကားနဲ့ ကျန် ၁ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ချောက်မြို့၊ စျေးတန်းရပ်ကွက်ရှိ သမာဓိ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ဦးအောင်ကျော်ဦး (ခ) ဦးဟာကင်းမ်၊ ဆွေမျိုးတော်စပ်သူ ဦးဟာစင်၊ သူငယ်ချင်းဖြစ်သူ ဦးဟာဗင်နဲ့ ယာဥ်မောင်းသူ ဦးမြင့်ဌေးတို့ ၄ ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်မှာ ပခုက္ကူကိုသွားချိန် အသတ်ခံခဲ့ရတာလို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ တာဝန်ရှိသူ ကိုပြူးကြီးကမြေလတ်အသံကို ပြောပါတယ်။

“သူနဲ့အတူတူ သိန်း ၃ ထောင်အထက်ပါသွားတယ်၊ ကား ၁ စီးလည်းပြန်မရပါဘူး၊ အလောင်းက ၃ လောင်းပဲပြန်ရတယ်၊ ၁ ယောက်ကတော့ ဘယ်သူပျောက်နေတယ်ဆိုတာမသိရပါဘူး” လို့ ပြောပါတယ်။

ဦးအောင်ကျော်ဦးနဲ့ ဦးမြင့်ဌေးတို့မှာတော့ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေရရှိထားပြီး၊ ကျန် ၁ ဦးကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် ဘယ်သူလဲဆိုတာကို အတည်ပြုလို့မရသေးဘူးလို့လည်း ဆိုပါတယ်။

သူတို့ကို ပခုက္ကူတံတားထိပ်မှာ အထိုင်ချတပ်စွဲနေတဲ့ တမခ ၁၀၁ မှ စစ်သားတွေက ပခုက္ကူမြို့ရှောင်လမ်းအလွန်မှာ ဖမ်းဆီးသတ်လိုက်တာလို့လည်း သိရပြီး ဘယ်နေ့မှာ သတ်လိုက်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲ့ဒီ‌နောက်အလောင်းတွေကို ပခုက္ကူရင်ခွဲရုံမှာထားရှိပြီး စစ်ကောင်စီတပ်သားတွေဟာဇန်နဝါရီလ ၂၆ ရက်မှ သေဆုံးသူတွေရဲ့မိသားစုကို အကြောင်းကြာကာ ချောက်မြို့ကိုပြန်သယ်ပြီး သင်္ဂြိုဟ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။