12 July 2026 5:12 AM

စစ်ကောင်စီရန်ကင်းဖို့ PDF တွေစောင့်ရှောက်မှုနဲ့ သီးနှံရိတ်သိမ်းနေရတဲ့ ဒေသခံတွေ

0 2
0 2

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထုံးဘိုကျေးရွာက ကောက်ပဲသီးနှံတွေရိတ်သိမ်းနေကြတဲ့ ဒေသခံတောင်သူတွေကို ဇန်နဝါရီ ၂၆ ရက်နေ့ မှာ PDF တွေကလုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကကျေးရွာကိုမီးရှို့ပြီး ရွာခံတဦးကိုပါ သတ်သွားခဲ့တာကြောင့် ထွက်ပြေးနေကြရတဲ့ တောင်သူတွေအနေနဲ့ ကောက်ပဲသီးနှံရိတ်သိမ်းဖို့ မိမိတို့ PDF တွေကိုအကူအညီတောင်းခံလို့ လုံခြုံရေးယူပေးခဲ့တာဖြစ်ကြောင်း Peacock Warrior Force – Madayaမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရွာကပြည်သူတွေက အကုန်လုံးထွက်ပြေးတိမ်းရှောင်နေကြတာ။ သူတို့ရွာအနီးအနား တောင်မကပ်ရဲကြဘူး။ အဲဒါကြောင့် ကျနော်တို့အဖွဲ့နဲ့နောက်တဖွဲ့တို့က လုံခြုံရေးယူပေးခဲ့တာ။ အခုချိန်ထိတော့ ရွာအနီးပတ်ဝန်းကျင်တွေမှာ စကစတွေက ကင်းပုန်းဝပ်တာတွေရှိနေသေးတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ထဲမှာ နယ်မြေစိုးမိုးမှုရယူထားတဲ့ နေရာတွေမှန်သမျှက တောင်သူတွေကိုလည်း အခုလိုလုံခြုံရေးယူပေးသွားဖို့ရှိပြီး အခုလုံခြုံရေးယူပေးတဲ့အဖွဲ့တွေကတော့ ADRFတော်လှန်ရေးအင်အားစုနဲ့ Peacock Warrior Force Madaya တို့ဖြစ်ကြပါတယ်။

ထုံးဘိုကျေးရွာကို ပြီးခဲ့တဲ့ဇန်နဝါရီ ၁၇ ရက်နေ့မှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကြောင်းတခုက ဝင်ရောက်လာပြီး လူနေအိမ် ၁၅ လုံးနဲ့ ရွာခံဦးခင်မင်းမောင် ၄၀ နှစ်ကို သတ်ဖြတ်သွားခဲ့တယ် လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။