စားသောက်ဆိုင်လာတဲ့ ဒလန်အဖမ်းခံရပြီးနောက် ဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီကဖမ်းဆီး

0 6
0 6

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဒေါ်သစ်ဆုံစားသောက်ဆိုင်က ပိုင်ရှင်လင်မယားကို PDF တွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂‌၄ ရက်နေ့ မနက် ၉ နာရီလောက်က ဒေါ်သစ်ဆုံစားသောက်ဆိုင်မှာ ထမင်းဝယ်နေတဲ့ ဒလန်တဦးကို လက်နက်ကိုင်အဖွဲ့အစည်းတခုက ဝင်ရောက်ဖမ်းဆီးပြီး ခဏအကြာစစ်ကောင်စီဘက်ကရောက်လာကာ ဆိုင်ရှင်လင်မယားကို ဖမ်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက(ဒလန်) မြို့နယ်မှူးအတွက် ထမင်းဝယ်ပြီးထမင်းဆိုင်ကအထွက်ကို လက်နက်ကိုင်အဖွဲ့စည်းကဖမ်းတာ၊ အဲ့နောက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဆိုင်ကိုလာသောင်းကျန်းပြီး အဲ့ဆိုင်က လင်မယားကိုဖမ်းသွားတာ။” လို့ မျက်မြင်တွေ့ခဲ့တဲ့ ပြည်သူတဦးက ပြောပါတယ်။

အခုလက်ရှိ ဒေါ်သစ်ဆုံစားသောက်ဆိုင်ပိုင်ရှင် ဦးမြဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်သစ်ဆုံတို့ကို အင်းတော်ရဲစခန်းထဲမှာဖမ်းထားကာ PDF နဲ့ဆက်နွယ်တယ်ဆိုပြီး စွဲချက်တင်ဖို့လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်ကလည်း အောင်မေတ္တာရပ်ကွက်မှာရှိတဲ့ သားချောစာရေးကိရိယာဆိုင်ပိုင်ရှင် ဦးချစ်ကိုကို(ခ)ဦးဖိုးစီကို NUG စာသင်ကျောင်းတွေကို စာရေးကိရိယာတွေလှူတန်းတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။