myaelatt athan

Sharing Information to the Local

ကောလင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ စစ်ရှောင်တွေ ဆန်နှင့် စားစရာ အကူအညီလိုအပ် (ရုပ်/သံ)

0
0

ကောလင်း၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စစ်ဘေးရှောင်တွေဟာ နေရပ်စွန့်ခွာလာတာ ၁ နှစ်ကျော်လာပြီဖြစ်သလို ယခုအခါ အစားအသောက်ပိုင်းမှာ အကူအညီတွေလိုအပ်နေပါတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ လုပ်ကိုင်ကြပေမယ့် အလုပ်အကိုင် ရှားပါးနေတာကြောင့် အများစုက အလုပ်မရှိဘဲ စားဝတ်နေရေး အခက်အခဲတွေရှိနေတာလို့ ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

“မြို့ကိုစွန့်ခွာလာတာ ၁ နှစ်ကျော်ကြာလာပြီဆိုတော့ တချို့အလုပ်အကိုင်နဲ့ အရင်းအနှီးတွေပါလာတော့ အဆင်ပြေကြတယ်။ တချို့ကျတော့လည်း အဝတ်တထည်ကိုယ်တခုနဲ့ ထွက်လာကြရတာ ဘာမှမရှိတော့ တော်တော်လေးခက်ခဲကြတယ်။ အများစုကတော့ ကြုံရာကျပမ်းလုပ်ကြရတာပေါ့”

ဖေဖော်ဝါရီ ၁၇ ရက်က ပြည်ပရောက် အလှူရှင် ၁ ဦး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကောလင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင် အိမ်ထောင်စု ၁၃၀ အတွက် ကျပ် ၁၀ သိန်းဖိုး ဆန်နဲ့ငါးခြောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်ပရောက်အလှူရှင်ရဲ့ အလှူငွေထဲက စစ်ရှောင်အိမ်ထောင်စု ၁ စုကို ကျပ် ၁ သောင်းနှုန်းနဲ့ အိမ်ထောင်စု ၁၀၀ အတွက် ပေးဝေခဲ့တာဖြစ်ပြီး ကျန်တဲ့အိမ်ထောင်စု ၃၀ အတွက်ကိုတော့ ပြည်သူမှ ပြည်သူသို့အဖွဲ့က ဖြည့်စွက်ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။