စစ်ကောင်စီတပ်စွဲထားတဲ့ရွာနားက မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

0 1
0 1

မန္တလေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ရွာနားမှာရှိတဲ့ မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲပြီး ရခဲ့တဲ့ လျှပ်စစ်ပစ္စည်းအချို့ကို ဖောက်ခွဲရေးမှာ အသုံးချသွားမယ်လို့ တောကြီးမြွေပွေးအဖွဲ့ ဆီက သိရပါတယ်။

စစ်ကောင်စီက ၆လကျော်ကြာ တပ်စွဲထားတဲ့ ကြက်တူရွေးရွာနားက မိုင်တဲ တာဝါတိုင်ကို ဒီဇင်ဘာ ၂၆ရက် မနေ့က နေ့လယ် ၁နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ တောကြီးမြွေပွေးအဖွဲ့ ခေါင်းဆောင် ဗိုလ်တီက ပြောပါတယ်။

“အဲဒီမိုင်တဲတာဝါတိုင်အနားမှာ စစ်ကောင်စီက မိုင်းအပြည့်ထောင်ထားတာ။ အရင်တုန်းကလည်း အဲဒီအနားမှာ ခဏခဏမိုင်းမိတယ်။ လူကိုတော့မိုင်းမမိဘူး။ တိရစ္ဆာန်တွေနင်းမိုင်းတွေ ခဏခဏမိတာများတယ်။ ကျနော်တို့ကတော့ မဖြုတ်တတ်တော့ မဖြုတ်ဘူး” လို့ ပြောပါတယ်။

ဖောက်ခွဲဖျက်ဆီးတာကို ရွာထဲမှာရှိတဲ့ စစ်တပ်က မသိတာကြောင့် လျှပ်စစ်ပစ္စည်းတွေကို ဖောက်ခွဲရေးတွေမှာ သုံးဖို့ ဖြုတ်ယူလာခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။