PDF နဲ့ စစ်ကောင်စီရဲတပ်ဖွဲ့စိန်ခေါ်ပစ်ခတ်ပြီး ရဲတွေဘက်ကအထိနာလို့ လေကြောင်းပစ်ကူခေါ်ရ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေပေါင်းကာ ဒီဇင်ဘာလ ၂၅ ရက်က သွားရောက်စီးနင်းခဲ့ပြီး သူတို့ဘက်ကစတင်စိန်ခေါ်လို့ လက်ခံပြီး တိုက်ခိုက်ခဲ့တဲ့ပွဲဖြစ်တယ်လို့ KUG တပ်ရင်း GYZ ကတဆင့် သိရပါတယ်။

ညနေ ၆ နာရီကစတင်ကာ မနက် ၄ နာရီထိတိုက်ပွဲဖြစ်ခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှု ၁၀ နာရီလောက်ကြာခဲ့တဲ့အဲဒီပွဲမှာ စစ်ကောင်စီဘက်ကအထိနာလို့ လေကြောင်းပစ်ကူ ၂ ကြိမ်ခေါ်ခဲ့ပြီး စခန်းသိမ်းပိုက်နိုင်ကာနီးမှ ခဲယမ်းမလုံလောက်လို့ အသက်စောင့်ကျည်ချန်ကာ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

“တောင်ပေါ်က KUG တွေသတ္တိရှိရင် စခန်းလာသိမ်းလှည့်လို့ သေနတ်ဖောက် လမ်းထွက်စိန်ခေါ်တယ်၊ စိန်ခေါ်တာကို လက်ခံပြီးတိုက်တဲ့ပွဲဆိုတော့ သူတို့လည်းပြင်ဆင်တယ်။ ကျနော်တို့လည်း ပြင်ဆင်တယ်။ ၂ ကြိမ်တိတိစီးနိုင်ခဲ့ပါတယ်။ နောက်ဆုံးရဲစခန်းဘက်က counter ၄ယောက်ပဲ ပြန်နိုင်တော့တာ၊ ဝင်သိမ်းခါနီး လေယာဥ်ပစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ ရဲနဲ့စစ်တွေကို ပြင်ဆင်ချိန်ရအောင် ဝဲပေးတဲ့သဘောမျိူးပါ၊ ပစ်တာတော့မပစ်ဘူး။” လို့ ပြောပါတယ်။

ရဲစခန်းအနီးကို ဒရုန်းနဲ့စောင့်ကြည့်နေချိန် ဒဏ်ရာရသေဆုံးတွေကို သယ်ပိုးနေတာတွေတွေ့ရပြီး တိုက်ပွဲပြီးတဲ့ဒီဇင်ဘာလ ၂၆ ရက်ညနေကတည်းက အင်အားဖြည့်ထားလို့ စခန်းနားကပ်လို့မရတော့ဘဲ သေဆုံးအရေတွက် အတိကျကြည့်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

ရဲစခန်းထဲမှာရှိနေတဲ့ မြို့နယ်မှူးနဲ့ ဘုန်းကြီးတပါးကိုတော့ တိုက်ပွဲပြီးတဲ့မနက်မှာပဲ တပ်ကူလာတဲ့ မော်တော်ယာဉ်နဲ့ ပြန်ထုတ်သွားကာ အခုလက်ရှိစစ်ကူအများအပြားနဲ့ အနီးနားဝဲယာကျေးရွာကို မီးတင်ရှို့နေတယ်လို့လည်း သူကပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက် အမြင့်ရဲစခန်းဝင်စီးတဲ့တချိန်ထဲမှာပဲ ကံကြီးကုန်းပျူရွာစခန်းကို စီးနင်းခဲ့ပြီး စခန်းထဲထိဝင်ရောက်ဖျက်စီးနိုင်ခဲ့ကာ မဟာမိတ်ရဲဘော်တွေဘက်က ၄ ဦးကျတဲ့အပြင် ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့ကာ ၅ ဦးမစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။