ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၈ ဦးကို တလနီးပါးအကြာမှ အလောင်းပြန်တွေ့

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးက ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူ ၈ ဦးဟာသတင်းအစနပျောက်နေပြီးနောက် ရက်ရက်စက်စက်အသတ်ခံထားရတဲ့ အလောင်းတွေအဖြစ် ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၈ ရက်မှာ စစ်ကောင်စီ ခမရ ၃၀၁ နဲ့ ခမရ ၄၁၆ ပေါင်းထားတဲ့ စစ်ကြောင်းကဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ၂၅ ရက်မနေ့ကမှ ကမ်းနီးရွာအနီးမှာ ပြန်ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီနားမှာမြှပ်ထားတယ်လို့ သတင်းရလို့ရှာတာ၊ အလောင်းတွေက တော်တော်များများပုပ်နေပြီ၊ သူတို့ကပျူစောထီးတိုင်တာခံရတာ၊ နတ်မဟုတ်ကြီးရွာသား ပျူစောထီးကိုယ်တိုင် စစ်ကြောင်းနဲ့လိုက်တာပြီး သူကတော့ထောက်ပံ့တယ်၊ သူက နိုင်ငံရေးလုပ်တယ်ဆိုပြီး လက်ညှိုးထိုးတိုင်တာ။” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ဓားစာခံတွေဖြစ်တဲ့ ဦးမင်းနိုင် အသက် ၅၀၊ ဦးကျော်သန်း အသက် ၆၀၊ သားဖြစ်သူ ဦးဘိုဘိုဝေ ၃၃နှစ်၊ ဦးကျော်ဌေး အသက် ၅၀၊ ဦးကျော်ထွန်း အသက် ၅၀၊ ဦးထွန်းနိုင် ၃၈နှစ်၊ ဦးမြင့်ဖေ အသက် ၆၀၊ ဦးသာပြူး ၆၈နှစ်တို့အသတ်ခံခဲ့ရပြီး ၂ဦးကတော့ ခေါင်းဖြတ်ခံထားရကာ ၆ ဦးကတော့ တုတ်နဲ့ရိုက်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ထီးချိုင့်ထဲကိုဝင်ကာ ရွာစဉ်ပတ်မီးရှို့နေတာဖြစ်ပြီး ခုလက်ရှိ အင်းတော်ဘက်ကိုပြန်ထွက်လာကာ ခရမ်းစပ်ကုန်းရွာနားမှာရှိနေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။