myaelatt athan

Sharing Information to the Local

မတ္တရာနယ်မှာ တပ်စွဲနေတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရလို့ ၄ ဦး ထိမှန်ဒဏ်ရာရ

0
0

မတ္တရာ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတွေကို ဒီဇင်ဘာ ၂၁ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတွေက သုံးဆယ်ပေးကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်စွဲနေထိုင်ပြီးတော့ ရွာရဲ့အနောက်ဖက်မှာ ကင်းပုန်းဝပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ SKY HERO-Maday မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့တွေက ကင်ပုန်းဝပ်နေတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အခါ ဗုံးသီးတလုံးက သူတို့ကင်းပုန်းဝပ်နေတဲ့ အနီးစပ်ဆုံးနေရာကို ကျသွားခဲ့ပါတယ်။ အဲဒါကြောင့် လေးယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ သေတော့ မသေခဲ့ဘူးပေါ့။ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ဆိုပါတယ်။

တိုက်ခိုက်ချိန်မှာ လေတိုက်နှုန်းပြင်းထန်နေချိန်ဖြစ်လို့ ပစ်မှတ်လွဲချော်ကာ ဒဏ်ရာရှိမှုသာ ရှိခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ SKY HERO – Madaya၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ Peacock Warrior Force-Madaya အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။