myaelatt athan

Sharing Information to the Local

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်၁၉ နှစ်ချခံရ

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို စစ်ကောင်စီက ဒီဇင်ဘာ ၁၂ ရက် မနေ့က ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့တယ်လို့မိသားစုဆီက သိရပါတယ်။

NLD အမတ် ဦးကျော်ဇေယျကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှာဖမ်းဆီးလိုက်ပြီး ရေကြည်အိုင် စစ်ကြောရေးမှာ ၁၀ ရက် ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဇူလိုင် ၂၉ ရက်မှာ ပြည်မြို့ ဒကစကို ပို့ကာ သြဂုတ် ၈ ရက်မှာတော့ပြည်ထောင်ကိုရောက်ရှိခဲ့ပါတယ်။

ဖမ်းဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီက ဦးကျော်ဇေယျကို ပုဒ်မ ၆ ခုဖြစ်တဲ့ အကြမ်းဖက်မှု ၊ ရွေးကောက်ပွဲ ၊ ၅၀၅(က) ၂ ခါ ၊ ယစ်မျိုး ၊ ဘေးစီမံ စတဲ့ပစ်မှုတွေနဲ့ ဖမ်းဆီးထားပြီ ၆ လအကြာမှာ အမိန့်ချခဲ့တယ်လို့လည်းဆိုပါတယ်။

“ရေကြည်အိုင်စစ်ကြောရေးမှာ စုတ်ပြတ်သတ်နေအောင်ရိုက်တာ လူရုပ်တောင်မပေါ်ဘူး။ဖမ်းဆီးခံရတဲ့ ၆လလုံး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးပါဘူး။ စာတောင်ပေးလို့မရဘူးအခုလိုအမိန့်ချခံရတာတော့ခံပြင်းတာပေါ့။ မတရားအမိန့်တွေ သူတို့ချချင်သလိုချနေတာ မတရားမှန်းသိပေမဲ့လည်း အခုချိန်တော့ ကိုယ့်လူနေကောင်းကျန်းမာဖို့ဘဲအရေးကြီးတယ်ကိုယ့်ထက်တောင်ပေးဆပ်ထားရသူတွေတပုံကြီးရှိသေးတာပဲ ”လို့ ဦးကျော်ဇေယျရဲ့အမျိုးသမီးက မြေလတ်အသံကို ပြောပါတယ်။

ပြည်ထောင်တွင်းတရားရုံးမှာ ဦးကျော်ဇေယျကို ထောင်ဒဏ် (၁၉) နှစ်ချမှတ်တာကိုမိသားစုဝင်တွေက ကိုယ်တိုင်သွားပြီး ကြားနာရခြင်းမျိုးမဟုတ်ပဲ တဆင့်ပြောစကားကသာသိရှိရတယ်လို့ ဆိုပါတယ်။

ဦးကျော်ဇေယျဟာ ၂၀၁၅ ကနေ ၂၀၂၀ အထိရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ကာ လက်ရှိပြည်မြို့မှာ နိုင်ငံရေးမှုနဲ့ ဖမ်းခံထားရသူ ၅၀ဦးထက်မနည်းရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။