ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ သတ်ခံရလို့ မဆိုင်တဲ့ ပြည်သူ ၁၅ ဦးကျော် ဖမ်းထားတဲ့အပေါ် PDF ရှုံ့ချ

0 2
0 2

ပဲခူး၊ နိုဝင်ဘာ ၇၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏ သတ်ခံနေရလို့ မဆိုင်တဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီက ဖမ်းထားတာ ၁၅ ဦးထက် မနည်းရှိနေပြီ ဖြစ်ပါတယ်။

PDF အနေနဲ့ ဒလံ အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကို မိုင်းဆွဲတာ ရှင်းလင်းတာတွေ လုပ်ရင် တရားဝင်ထုတ်ပြန်နေတာဖြစ်လို့ PDF နဲ့ မဆိုင်ပဲ ဒေသခံတွေကို ဖမ်းနေတာကို အပြင်းအထန် ကန့်ကွက်ရှုံ့ချတယ်လို့ PPDF တာဝန်ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ပေါင်းတည်မှာ ဒလန်တွေ အုပ်ချုပ်ရေးမှူးတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်တိုင်း PDFကလုပ်ရင် ကြေညာချက်ထုတ်တယ်။ ခုလည်း ဖားယားကြီးဖြစ်စဥ်မှာ ကြေညာချက်ထုတ်ပြီးသားကို မဆိုင်တဲ့ခရာပေါက်ရွာက CDM ကျောင်းဆရာ ကိုတက်တိုးနဲ့ ရွာသားတွေအပြင် ကြို့ပင်သာရွာသား ၂ ဦးကိုလည်း ဖမ်းပြီးနှိပ်စက်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ကြို့ပင်သာ အုပ်ချုပ်ရေးမှူးကို ဖားယားကြီးရွာ သူ့အိမ်မှာပဲ ထောက်ခံစာ လုပ်ရင်း သတ်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် နိုဝင်ဘာ ၆ ရက် မနေ့က ခရာပေါက်ရွာက CDM ကျောင်းဆရာအပါအဝင် ရွာသား ၆ ဦးကို ဖမ်းသွားခဲ့တာပါ။

“အုပ်ကြီး အသတ်ခံရမှုနဲ့ မဆိုင်တဲ့ ဆရာဦးတက်တိုး အပါအဝင် ခရာပေါက်ရွာသား လေးဦး အဖမ်းခံရတာ။ အဲနေ့က အုပ်ကြီးကို သေနတ်နဲ့ ပစ်တဲ့သူတွေကို ရွာသားတွေက ဖမ်းဆီးဖို့တောင် လုပ်ကြသေးတာ။ ဟိုက သေနတ်နဲ့ချိန်လို့ နောက်ပြန်ဆုတ်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီက အခုလိုတွေ လုပ်နေတာဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ( PDF ) တွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတာ ဖြစ်တယ်လို့ မြို့ခံတဦးကလည်း ပြောဆိုထားပါတယ်။

ပေါင်းတည်မြို့နယ်မှာ မကြာခဏ ဆိုသလို ကင်းပတ်တဲ့ ရဲတွေ မိုင်းဆွဲခံရတာအပြင် အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရလို့ မနေ့ကဖမ်းခံရတဲ့ ပြည်သူ ၆ ဦးအပါ စုစုပေါင်း ဒေသခံ ၁၅ ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။