ပန်းတောင်း NLD ဥက္ကဌနဲ့ အမတ် ပြန်လွတ်ပြီး ပြည်နဲ့ ပဲခူးက ဆက်လွတ်ဖို့ရှိ

0 2
0 2

ပဲခူး၊ နိုဝင်ဘာ ၂၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်မှာ စစ်ကောင်စီက သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်စီချခံထားရသူ၂ ဦး နိုဝင်ဘာ ၁ ရက် မနေ့မနက်ပိုင်း လွတ်ရက်စေ့လို့ ပြန်လည်လွတ်လာတယ်လို့ နီးစပ်သူတဦးဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဒင်နဲ့ သမီးဖြစ်သူတိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဇင်မိုးထိုက်တို့ နှစ်ဦး မနေ့က မနက် ၉ နာရီလောက်မှာ ပြန်လွတ်လာတာလို့ သိရပါတယ်။

“သူတို့ကို အာဏာသိမ်းပြီး ဖော်ဖော်ဝါရီ ၁၀ ရက်နေ့မှာ အဖမ်းခံရတာ။ သဘာဝဘေးပုဒ်မနဲ့ ဖမ်းသွားတာ။ သားအဖနှစ်ယောက်စလုံးကို တခြားအမှုမရှိတော့ သဘာဝဘေးဆိုပြီး ဖမ်းတာ အခုလွတ်ရက်စေ့လို့ လွတ်တာ။ လွတ်တော့လည်း သမီးနဲ့ အတူတူပဲ ဦးရဲဒင်ကျန်းမာရေးတော့ကောင်းပါတယ်” လို့ ဦးရဲဒင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးရဲဒင်နဲ့ သမီးအငယ်ကို လာဖမ်းချိန်မှာ ရဲတွေနဲ့ သမီးအကြီးက စကားများလို့ သူ့ကို ရဲက တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ထောင် ၆ လချလို့ ပြန်လွတ်ပြီး မကြာခင် ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံဖမ်းဆီးခံရသူ ဒေါ်မိုးသွယ်ကြည်ကတော့ ပြန်လွတ်တဲ့အထဲမှာ မပါသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရ သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းလည်း လာမယ့် နိုဝင်ဘာ ၄ ရက်နေ့မှာ ပဲခူးထောင်ကနေ ပြန်လွတ်မှာဖြစ်ပြီး လာမယ့်နိုဝင်ဘာ ၂၄ ရက်မှာတော့ ပြည်အကျဥ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်မြို့နယ်ဥက္ကဌနဲ့ ဗဟိုကော်မတီဝင် ဒေါက်တာခင်မောင်ဝင်းလည်း လွတ်ရက်စေ့ကာ ပြန်လွတ်မှာဖြစ်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။