စစ်တပ်နဲ့ပေါင်းပြီး ဆက်ကြေးကောက်တယ်လို့ နာမည်ကြီးတဲ့လင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

0 1
0 1

တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ စစ်တပ်ဂိတ်အနီးအရက်ဆိုင်ဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို ဆက်ကြေးကောက်နေတဲ့လင်မယားကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀ နှစ်ဝန်းကျင်ရှိကြတဲ့ ဦးမြင့်သန်းနဲ့ ၎င်းရဲ့ဇနီးဖြစ်သူ မြစန်းရီတို့ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မနက် ၆ နာရီခွဲလောက်မှာ ၎င်းတို့အရက်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဆိုင်ရှေ့မှာ စစ်တပ်က ဂိတ်ထိုင်ထားတယ်။ ပြီးတော့ သစ်ကားဝါးကားတွေကို ပိုက်ဆံတောင်းတယ်။ အချိန်မတော်သွားလာတဲ့သူတွေကိုလည်း အမြင်မကြည်ရင်မကြည်သလို စစ်တပ်ကို ဖမ်းဆီးခိုင်းတယ်။ သူတို့ပြီးမှပြီးတာ။ ဆက်သွားတိုက်နယ်တကြောမှာတော့ နာမည်အကြီးဆုံးလင်မယားလို့ ပြောလို့ရတယ်။” Magway Guerrilla Warfare မကွေးပြောက်ကျားတပ်တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

တောင်တွင်းကြီးအခြေစိုက် ကပစ ၁၈ နဲ့ စခတ ၇ တပ်တွေက စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၁၀ ဦးခန့်ဟာ ၎င်းတို့လင်မယားအရက်ဆိုင်အရှေ့မှာ ဂိတ်ချတပ်စွဲကာ အတူချက်ပြုတ်စားသောက် အနီးကပ်နေထိုင်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်းမှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပျဉ်းချောင်းရွာဘက်ကို အပြီးရွှေ့ပြောင်းသွားခဲ့လို့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ဦးသန်းမြင့်လင်မယားရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ကောက်ယူသွားတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်နဲ့ Taungdwingyi Fighter Force (LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်ကလည်း စစ်ကောင်စီလက်အောက် မကွေးမြို့နယ်၊ သက်ရင်းတောအုပ်စုအုပ်ချုပ်ရေးမှူးကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။