စစ်ကောင်စီမီးရှို့ခဲ့တဲ့ ရွာကို PDF က တအိမ်ထောင် ၅သောင်း လှူဒါန်း

0 2
0 2

စစ်ကိုင်း၊ မေ ၁၀၊ ၂၀၂၂။

စစ်ကိုင်းအတွင်းမှာ စစ်ကောင်စီမီးရှို့ခဲတဲ့ရွာတွေထဲက တရွာကို တအိမ်ထောင် ငါးသောင်းနှုန်းနဲ့ ကျားသစ်နက် PDF က လှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စု ၁၀၄ ခုစာ အတွက် ၅၂သိန်း နီးပါးကို အိမ်ပြန်ဆောက်ပြီးနေနိုင်ဖို့ တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးတာဖြစ်တယ်လို့ ကျားသစ်နက်အဖွဲ့ တာဝန်ခံက ပြောပါတယ်။

” နေထိုင်စရာခက်ခဲနေတဲ့ပြည်သူတွေအတွက် နေစရာရှိအောင်လှူတန်းပေးတာပါ၊ပြည်သူသာလျှင် အဓိက မို့ ပြည်သူ့အခက်အခဲသည် ကျားသစ်နက် ရဲ့ အခက်အခဲဟု ခံယူထားပါတယ်” လို့ ကျားသစ်နက် အဖွဲ့ တာဝန်ခံက ‌ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်းများစွာရှိပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၄၀,၆၀၀ ဦးရှိတယ်လို့ ဧပြီလ ၂၅ရက်နေ့အထိ United Nations OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။