26 July 2026 4:48 PM

ဗိဿနိုး PDF ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းတခု ဝင်စီးခံရပြီး PDF ၃ဦး ကျဆုံး

0 4
0 4

မကွေး၊ မတ် ၁၆၊ ၂၀၂၂။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာတခုက လက်နက်ထုတ်လုပ်ရေးစခန်းတခုကို စစ်ကောင်စီက အင်အားအများအပြားနဲ့ မနေ့က မနက် ၆နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့လို့ ဗိဿနိုး PDF ဘက်က လက်နက်ထုတ်လုပ်ရေး ရဲဘော် အနည်းဆုံး ၃ဦး ကျဆုံးပြီး ၂ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဖောကားတွေ အသုံးပြုပြီး တစီးကို အယောက် ၂၀ နီးပါးနဲ့ စခန်းကို သိမ်းဖို့ ဝင်ရောက်လာပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဗိဿနိုး PDF က ရဲဘော်တဦးက ပြောပါတယ်။

” ကျနော်တို့ဘက်က ၅ယောက်လောက်ပျောက်နေတာ ၃ယောက်တော့ Dead Body ပြန်သယ်မယ် ကျန်တဲ့ ၂ယောက်က ဖမ်းခံရတာလား လွတ်နေတာလား မသိရသေးဘူး၊ သူတို့ဘက်ကလည်း အထိအခိုက်တော့ ရှိမယ်၊သေချာအတည်မပြုနိုင်သေးဘူးဖြစ်နေတယ်၊ အပြန်အလှန်ပစ်ကြတာဆိုတော့ ထိတော့ထိမှာ” လို့ ဗိဿနိုး PDF က ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိ ဆင်ပေါင်ဝဲမြို့နယ်က လက်နက်ထုတ်လုပ်တဲ့ စခန်းကို စစ်ကောင်စီက အင်အား ၈၀ နီးပါးနဲ့ ဝင်ရောက်သိမ်းပိုက်ထားပြီး PDF ဘက်က ပျောက်ဆုံး ရဲဘော် ၂ဦးကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။