20 February 2026 10:55 AM

စစ်ကောင်စီတပ်က စာသင်နေသော ကလေး ၉၀ နှင့် ဆရာ၊ဆရာမ ၁၀ ဦး၊ PDF ၂၀ ကျော်ကို ဖမ်းဆီးထား

0 5
0 5

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂။

ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ချင်းပုန်းဘုန်းကြီးကျောင်း၌ စာသင်နေသော ကလေး ၉၀ ကျော်နှင့်ဆရာ ဆရာမ ၁၀ ဦး PDF ၂၀ ကျော်အားဖမ်းဆီးထားကြောင်း ချင်းတွင်းရိုမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ဘုန်းကြီးကျောင်းမှာလာရောက် ကျူရှင်တက်နေသော မင်းရွာ၊ ချင်းပုန်း ရွာမှ ၂ နှစ်သားအရွယ်မှစကာ ၁၅ နှစ်ခန့်ရှိ ကွန်ပျူတာသင်နေသော လူငယ်များဖမ်းဆီးလိုက်ရတာဖြစ်ပါတယ်။

“လေယာဉ်ကရွာအနောက်မြောက်ထဲမှာ ၁ စီး မြောက်ပိုင်းကနေ ၁ စီး စစ်သားတွေကိုခွဲချတာ၊အဲဒီကြားထဲမှာ ညှပ်ပူးညှပ်ပိတ် မိသွားကြတာ၊ လေယာဉ်တွေနဲ့ ‌ဗုံးတွေပစ်ကျဲလိုက်တော့ ကလေးတွေကကြောက်အားကြီးပြီး ဆရာမတွေကလည်း ၁၀ ယောက်လောက် ဘုန်းကြီးကျောင်းထဲမှာကလေးတွေကို စာသင်နေတာ၊ ကလေးတွေအန္တရာယ်ရှိတယ်ဆိုပြီး ဆရာမတွေက ဘုန်းကြီးကျောင်းအောက်ကမြေအောက်ခန်းထဲကိုပိတ်သွင်းလိုက်တာ၊အနောက်ဘက်ကစာသင်ကျောင်းထဲကနေ စစ်တပ်ကဝင်တာဆိုတော့ အကုန်ပိတ်မိပြီးဖမ်းဆီးခံလိုက်ရတာ၊မနေ့ညနေတုန်းကတော့ဘုန်းကြီးက ကလေးတွေဘာမှမလုပ်ဖို့ အသံချဲ့စက်နဲ့အော်သေးတယ်၊ ရွာထဲကနေထွက်ပြေးတဲ့ရွာသူရွာသားတွေကို စစ်တပ်က ကိုယ်အိမ်ထဲကိုယ်ပြန်ဝင်မဝင်ရင်ရွာမီးနဲ့ရှို့မယ်လို့ပြောတယ်၊ ကလေးတွေလည်းအကုန်ဖမ်းထားတာစစ်တပ်က၊” လို့ ချင်းတွင်းရိုမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကတည်းက ဝင်စီးနင်းခဲ့ကာ PDF ၂၀ လောက်လည်းအဖမ်းခံထားရပြီး စစ်ကောင်စီတပ်သားတွေက ကြိုးတွေနဲ့တုပ်ပြီးရှေ့ကနေအကာအကွယ်ယူကာ ချင်းပုန်းနဲ့ ညောင်းကိုင်းရွာဘက်သွားလိုက်လာလိုက်လုပ်ကာ အဖွဲ့များခွဲထားကြောင်း ပေါက်တိုက် PDF ခေါင်းဆောင်နဲ့ ချင်းပုန်း PDF ခေါင်းဆောင်ကိုသတ်ပစ်လိုက်ပြီလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိ ပြန်လည်ထွက်ခွါခြင်းမရှိသေးသလို အင်အားများလည်း ထပ်မံချထားကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။