myaelatt athan

Sharing Information to the Local

မြေနုကျွန်းမြေရှားပါးမှုကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးမှုနည်းပြီး စျေးကောင်း

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသ ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်းများတွင် အဓိကထား စိုက်ပျိုးလေ့ရှိသော ခရမ်းချဥ်သီး စိုက်ပျိုးမှု မှာ ယခင်နှစ်ကထက် နည်းပါးလာပြီဖြစ်ကြောင်း ‌ဒေသခံ‌တောင်သူများထံက သိရသည်။

ဧရာ၀တီမြစ်အတွင်း မြစ်ကြောင်းများပြောင်းလဲခြင်း၊ ကမ်းပါးတိုက်စားမှုများ နှစ်စဥ်ဖြစ်ပေါ်နေသည့် အတွက် တောင်သူများနေထိုင်အသားကျ စိုက်ပျိုးဖြစ်ထွန်းနေသော မြေနုကျွန်းမြေများ ကျဥ်းမြောင်းလာနေခြင်း စိုက်ပျိုးမြေမျာတွင် နေအိမ်များ ရွေ့ပြောင်းနေထိုင်ရခြင်းများ ကြောင့် သီးနှံစိုက်ပျိုးမှုများ လျော့နည်းလာနေခြင်းဖြစ်ကြောင်း တောင်သူများကပြောသည်။

“ဒီနှစ်လေ ခရမ်းချဥ်ကသိပ်မစိုက်ကြဘူး။ မြေကုန်းမြေမရှိတာ၊ သိပ်လည်းမစိုက်ကြဘူး တဦးနှစ်ဦးလောက်ပဲစိုက်ကြတယ်။ သိပ်လည်းမသီးဘူး၊ အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေ့ါ၊ တခြားကျွန်းတွေမှာလည်း သိပ်မစိုက်ဘူး၊ ကုန်းအမြင့်တို့ဘာတို့မှာစိုက်ကြတယ် ကျနောတို့ဆီမှာက ရေမြုပ်ကွင်းတွေ ပဲရှိတော့တယ်၊ ကုန်းမြေတွေကိုအိမ်တွေဆောက်လိုက်ရတယ်၊ တော်တော်များများ မစိုက်ကြတော့ဘူး၊” ဟု မြေနုကျွန်းတောင်သူတစ်ဦး ကပြောသည်။

ယခင်နှစ်က တပိသာလျှင် ၃၀၀ ကျပ်ခန့်သာ စျေးရရှိခဲ့ပြီး ယခုနှစ်တွင် ၁၅၀၀ ကျပ် ကုန်သယ်များက ပေးဝယ်နေပြီး စျေးကွက်အတွင်းပြန်လည် ရောင်းစျေးမှာ ၃၀၀၀ ကျပ်ထိစျေးပေါက်နေ ကြောင်း ကုန်သယ်များ ထံကသိရသည်။

“ခရမ်းချဥ်က ဒီနှစ်မျိုးဆိုမဆိုးဘူး စျေးလည်းကောင်းတယ်၊ စိုက်သင့်တယ်။ မြေနည်းလာတော့ နည်းနည်းပဲ စိုက်နိုင်ကြတော့တယ်။” ဟု မြေနုကျွန်းတောင်သူတဦးကပြောသည်။

ပုံမှန်ရာသီဥတုဖြစ်ပါက ခရမ်းချဥ်ထွက်သည့်အချိန်မှာ အောက်တိုဘာလမှ ဇန်နဝါရီလအထိ လေးတာတာ ထွက်ရှိပြီး ဆောင်းသီးနှံခရမ်းချဉ်သီးများကို ပြည်၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်တစ်လျှောက် ရေလယ်တွင်အဓိက စိုက်ပျိုးကြပြီး ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ပြည်ခရိုင်ဒေသတွင်းနှင့် ရန်ကုန်၊ မကွေးတိုင်းသို့ အဓိကတင်ပို့ကြကြောင်း သိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။