myaelatt athan

Sharing Information to the Local

အုတ်ဖိုမြို့နယ် ​NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီ ချိတ်ပိတ်

0
0

ပဲခူး၊ ဒီဇင်ဘာ ၇၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ နေအိမ်တွေကို ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီအဖွဲ့တွေလာရောက်ပြီး ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းရဲ့နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်တို့ရဲ့နေအိမ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

အုတ်ဖိုမြို့နယ် အောင်မင်္ဂလာ(၁) လမ်းရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်မှာ မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး၊ ချိုင့်ထောက်နဲ့ သွားလာရသူတဦးဖြစ်ကာ အုတ်ဖိုမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ်က အင်းတိုက်အားတိုက် ကြိုးစားခဲ့သူတဦးဖြစ်ပြီး၊ ဒေသခံပြည်သူတွေရဲ့ အကျိုးကို အထူးအလေးထားဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။