0
မြေလတ်အသံ ၊ အောက်တိုဘာ ၁၄၊ ၂၀၂၂။
- ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကိုဓါးဖြင့်အချက်ပေါင်းများစွာ ရက်ရက်စက်စက်
သတ်ဖြတ်လွှင့်ပစ်သွားတဲ့သတင်း - ဝက်လက်မှာ PDF စခန်း ဝင်စီးခံရလို့ ရဲဘော် ၇ဦးကျဆုံးပြီး ၄ဦးပျောက်ဆုံးနေတဲ့ သတင်းနဲ့နောက်ဆက်တွဲ
သတင်း - ပခုက္ကူမှာ ချောင်းရေလျှံမှုကြောင့် ရေနောက်မျောပါသေဆုံးခဲ့တဲ့ မိသားစုဝင် ၄ ဦးရဲ့သတင်း
- မြောင်က လဝကရုံး နဲ့စစ်ဆေးရေးဂိတ်ကို မြောင်အမျိုးသမီးဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံး
- ထီးလင်းမှာ ရိက္ခာသယ်ထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းမိလို့ ၅ ဦးခန့်သေဆုံး
- အာဏာသိမ်းပြီးတနှစ်ကျော်ကာလအတွင်းမှာ စစ်ကိုင်းတိုင်းဟာ အရပ်သား သေဆုံးမှု အများဆုံးဖြစ်လာ
-ခင်ဦးမှာ စစ်အုပ်စုတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရပြီး ၁၃ ဦးခန့်သေဆုံး - နတ်တလင်းမှာ PDF တွေ တိုက်ခိုက်တာခံရလို့ ၁ပတ်အတွင်း စစ်သား ၁၆ဦးနီးပါး သေဆုံး
- ဇီးပြားရွာက အလင်းဝင်လာတဲ့ ပျူစောထီး ၈၀နီးပါးကို ဆွေမျိုးတွေဆီပို့မယ်ဆိုတာနဲ့ အလင်းဝင်လာတဲ့ ပျူစောထီးရဲ့ စကားသံနောက်ဆုံးသတင်း တပုဒ်အနေနဲ့ စစ်ကောင်စီက စိုက်ပျိုးရေးသုံးဓါတ်ဆား သယ်ခွင့်မပေးလို့ စပါးအထွက်လျော့မှာကို လယ်သမားတွေစိုးရိမ်နေကြပါတယ်။